Tuesday, August 1, 2017

မိုဘိုင်းဖုန်း မ၀ယ်မီမှာ



မိုဘိုင်းဖုန်း မ၀ယ်မီမှာ



        မိုဘိုင်းဖုန်း နည်းပညာတွေဟာ တစ်နေ့တခြားဆန်းပြားလာပါတယ်။ ၂၀၁၇ ခုနှစ်ထဲမှာ မိုဘိုင်းဖုန်း ( စမတ်ဖုန်း ) ၀ယ်မယ်ဆိုရင် နည်းပညာပိုင်းဆိုင်ရာ အကြောင်း အထိုက်အလျောက်နားလည်းဖို့ လိုပါမယ်။ ဒါကြောင့် အဲဒီနည်းပညာကို ကိုယ်ကိုယ်တိုင် နားလည်အောင်လုပ်ရင်လည်း လုပ်ပါ။ ဒါမှ မဟုတ် မိုဘိုင်းဖုန်းဝယ်တဲ့အခါ နားလည်တဲ့လူကို ခေါ်သွားပြီးဝယ်ပါ။ ဒီဘက်နှစ်တွေထဲမှာ မြန်မာပြည် မိုဘိုင်းဖုန်းဈေးကွက်ထဲမှာ ဈေးဝယ်တဲ့ အတွေ့အကြုံအရ မိုဘိုင်းဖုန်းမ၀ယ်မီမှာ ဘာတွေစဉ်းစားသင့်တယ်ဆိုတာ တင်ပြချင်ပါတယ်။ 

          ဘက်ထရီအရှင်နဲ့ ဘက်ထရီအသေ

        ဘာဖုန်းပဲဝယ်ဝယ် ကိုယ့်ဘာသာ ဖြုတ်ပြီးလဲလို့ရတဲ့ဘက်ထရီအရှင်လား ဒါမှမဟုတ် သက်ဆိုင်ရာဆားဗစ်စင်တာက တာဝန်ယူပြီးလဲပေးမှရမယ့် ဘက်ထရီအသေထိုင်လားဆိုတာ အလေးအနက်စဉ်းစားဖို့လိုပါတယ်။ ကျွန်တော့သဘောကတော့ ကိုယ့်ဘာသာ လွယ်လွယ်ကူကူ ဖြုတ်လဲလို့ရတဲ့ ဘက်ထရီအရှင်ကို ပိုကြိုက်ပါတယ်။ ဖုန်းတစ်လုံးမှာ ဘက်ထရီကလည်းအပျက်များတဲ့အထဲမှာပါတယ်လေ။ ဘက်ထရီအရှင်ဆိုပေမယ့် ဈေးကွက်ထဲမှာ အဲဒီဘက်ထရီမျိုး အလွယ်တကူ ၀ယ်လို့ရမှာလား ဒါမှမဟုတ် ဖုန်းတင်သွင်းတဲ့ကုမ္ပဏီက ဘက်ထရီအပိုကိုပါ တင်သွင်းသလားဆိုတာကို အသေအချာစုံစမ်းထားဖို့ လိုပါတယ်။ မြန်မာပြည်က ဖုန်းဆိုင်အတော်များများဟာ ဖုန်းမော်ဒယ်တစ်ခုရဲ့ အပိုပစ္စည်းကို ၂ နှစ်ကျော်ရင် ဂရုမစိုက်တာမို့ ဒီကိစ္စအရေးကြီးပါတယ်။ ဘက်ထရီအသေ အထိုင်ဖုန်းကို ၀ယ်မယ်ဆိုရင်ဖြင့် အားသွင်းတဲ့ကိစ္စကို အတော်ကြီးဂရုစိုက်နိုင်မှ တန်ကာကျပါမယ်။ ဒါမှမဟုတ်ရင် ၂ နှစ်အတွင်း ဖုန်းတင်သွင်းတဲ့ကုမ္ပဏီက ဘက်ထရီကိစ္စကို ပီပီပြင်ပြင်တာဝန်ယူမယ်ဆိုမှ ၀ယ်သင့်ပါတယ်။

Screen အရွယ်အစား

ခလုတ်ဖုန်းတေက Screen  ၁.၅ လက်မကနေ ၂.၅ လက်မ အရွယ်ပဲရှိပြီး အင်တာနက်ကိုလည်း ဘ၀င်ကျအောင် မသုံးနိုင်တာမို့ သူ့အကြောင်းပြောစရာ မရှိပါဘူး။ စမတ်ဖုန်းဝယ်မယ်ဆိုရင်ဖြင့် iPhone ရောကျန်တဲ့ Android ဖုန်းတွေမှာပါ Screen အသေးဆုံး ၄ လက်မ ဖြစ်နေပါပြီ။ Screen ( ၄- ၄.၅ ) လက်မကြားအရွယ်တွေဟာ ဖုန်းပြောရုံနဲ့ အင်တာနက်အနည်းအပါးသုံးရုံလောက်ဆို ကောင်းတယ်။ ပေါ့ပါးတဲ့အပြင် လက်တစ်ဖက်နဲ့ ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်လို့ရတယ်။ ၅ လက်မအရွယ် အလယ်အလတ်ဖုန်းတွေကတော့ အခုအချိန်မှာ ဘက်ထရီသက်တမ်းကောင်းတာရနိုင်တယ်။ အင်တာနက်သုံးဖို့ ၊ ဗီဒီယိုကြည့်ဖို့ ၊ ဂိမ်းတော့ဖို့လည်းမဆိုးဘူး။ ခလုတ်တွေ အထိုင်ချပုံကောင်းရင် လက်တစ်ဖက်နဲ့လည်း သုံးလို့လည်း အဆင်ပြေတယ်။ ခရီးဆောင်ဖို့လည်း မဆိုးဘူး။ ၅.၅ လက်မကနေ အထက်ဖုန်းတွေကတော့ အိမ်မှာဖြစ်ဖြစ်၊ ရုံးမှာဖြစ်ဖြစ် ထားပြီးသုံးဖို့ပဲကောင်းတယ်။ ဗီဒီယိုကြည့်လို့ ကောင်းတယ်။ ဒါပေမယ့် ခရီးဆောင်ဖို့ လေးလွန်းလှသလို လက်တစ်ဖက်တည်းနဲ့သုံးလို့ အဆင်မပြေဘူး။ 

Screen အရည်အသွေး

Screen နည်းပညာတွေပေါ်မူတည်ပြီး ရုပ်ထွက်တွေ ကွာခြားနိုင်တယ်။ မြန်မာပြည်ထဲမှာရောက်နေတဲ့ Screen နည်းပညာတွေအကြောင်း နည်းနည်းပြောချင်ပါတယ်။ ပထမဆုံးနည်းပညာက TFT-LCD Display နည်းပညာပါ။ သူက တန်ဖိုးနည်းစမတ်ဖုန်းတွေမှာပါပါတယ်။ ရှေ့တည့်တည့်ကကြည့်ရင် အဆင်ပြေပြီး ခပ်စောင်းစောင်းကကြည့်ရင် အဆင်မပြေပါဘူး။ နေရောင်အောက်မှာ Screen ကိုကြည့်ရခက်တဲ့အပြင် အရောင်ထွက်မွဲပါတယ်။ အသုံးများတဲ့ နောက်ထပ်နည်းပညာတစ်ခုက IPS (In-Plane Switch) Display ဖြစ်ပါတယ်။ အလယ်အလတ်တန်ဖိုးရှိတဲ့ စမတ်ဖုန်းတွေမှာသုံးပြီး ရှု့ထောင့်အမျိုးမျိုးကြည့်လို့ အဆင်ပြေတယ်။ အရောင်ထွက်လည်း အဆင်ပြေပါတယ်။ သူ့ရဲ့အားနည်းချက်က ပါဝါအစားများတာဖြစ်ပါတယ်။ AMOLED Display နဲ့ Super AMOLED Display နည်းပညာကတော့ အလယ်အလတ်နဲ့ အဆင့်မြင့်ဆမ်ဆောင်းဖုန်းတွေမှာ အသုံးများပါတယ်။ အခြားထိပ်တန်းဖုန်းတစ်ချို့မှာလည်း သုံးပါတယ်။ ဒီနည်းပညာတွေရဲ့ အားသာချက်က Refresh rate မြင့်တဲ့အတွက် မျက်လုံးဝန်ပိမှု သက်သာတာပါ။ အရောင်စိုရွှန်းတောက်ပပြီး ပြတ်သားမှုအားကောင်းပေမယ့် ပါဝါအစားနည်းတာက ထူးခြားချက်ဖြစ်ပါတယ်။ Retina Display ကတော့ IOS Device တွေမှာသုံးပါတယ်။ အရောင်စိုရွှန်းပြီး ကြည်လင်ပြတ်သားမှု အားကောင်းပါတယ်။ ထောင့်အမျိုးမျိုးက စောင်းကြည့်ရင်လည်း အဆင်ပြေပါတယ်။ ပါဝါစားတာလည်းသင့်ပါတယ်။ ဂိမ်းဆော့ဖို့၊ ဗီဒီယိုကြည့်ဖို့အတွက် AMOLED နည်းပညာက သင့်တော်ပြီး Document တွေက စာတွေကြာကြာကြည့်မယ်ဆိုရင် Retina Display က သင့်တော်ပါတယ်။ 

          ကင်မရာ

        စမတ်ဖုန်းကိုင်ပြီဆိုရင် ကင်မရာကောင်းကောင်း လိုချင်ကြမှာပါ။ ၀ါးတားတားပုံတွေ မထွက်ဖို့ဆိုရင် ဖုန်းမှာ OIS (Optical Image Stabilizer) ပါဖို့ ကောင်းတယ်။ အလင်းရောင်နည်းတဲ့အခြေအနေမှာ ပုံကောင်းထွက်ဖို့အတွက် Aperture ကျယ်ကျယ်(နံပါတ်သေးသေး) လိုပါတယ်။ ဒီနေ့ခေတ် ကင်မရာထိပ်တန်းဖုန်းတွေဟာ f1.8 အထိရှိနေပါပြီ။ Aperture ကျယ်တာကောင်းပေမယ့် အလင်းရောင်သိပ် အားကောင်းတဲ့နေရာမှာ ဒီအတိုင်းရိုက်ရင် ဓာတ်ပုံတစ်ခုလုံး ဖွေးဆွတ်သွားတက်ပါတယ်။ ဒါကြောင့် Aperture ဒါမှမဟုတ် EV ထိန်းပေးတဲ့ Software ပါဖို့ လိုပါတယ်။ ဖုန်းက LED မီးဟာ အမှောင်ထဲမှာ ဓာတ်ပုံရိုက်ဖို့ အားမကိုးလောက်ပေမယ့် မရှိတာထက်စာရင် တော်ပါတယ်။ Dual tone LED flash မီးဟာ သာမန်ထက် ရုပ်ထွက်ကောင်းစေပါတယ်။ Selfie ရိုက်ဖို့ ရှေ့ကင်မရာမှာလည်း LED မီးတွေထည့်လာပါပြီ။ ကောင်းပါတယ်။ ကင်မရာကနေ ပုံကြီးကြီးလိုချင်ရင် Megapixel များတဲ့ ကင်မရာကို ရွေးသင့်တယ်။ ကင်မရာအရည်အသွေးသာကောင်းမယ်ဆိုရင် 8MP ကင်မရာနဲ့ ( ၁၀”x၁၄”) ဓာတ်ပုံကြီး ထုတ်နိုင်ပါတယ်။ ပုံထွက်ကောင်းကောင်းရချင်ရင် မှန်ဘီလူးအမျိုးအစားကောင်းကောင်း ထည့်ထားတဲ့အပြင် မှန်ဘီလူးနှစ်ခု ပေါင်းစပ်ရိုက်တဲ့ကင်မရာတွေက ပိုကောင်းပါတယ်။

          CPU, GPU နဲ့ RAM

        ဒီနေ့ခေတ် OS တွေရဲ့ အရွယ်အစားကြီးလာတာကြောင့် internal storage 8GB အနိမ့်ဆုံး မပါရင် အဆင်မပြေပါဘူး။ ဂိမ်းအဆော့သန်ရင် internal storage အနိမ့်ဆုံး 32GB ရှိသင့်တယ်။ Data များများသိမ်းဖို့ external storage အနိမ့်ဆုံး 32GB ကို အထောက်အပံပေးနိုင်ရမယ်။ OTG မင်ပိုရီစတစ်ထိုးစွပ်ပြီး Data တွေအပြင်ကိုထုတ်နိုင်တာက အကောင်းဆုံးပါ။ 

          Connectivity

          CDMA တွေရှေ့လျှောက်ခေတ်မရှိတော့လို့ မသုံးပါနဲ့။ GSM ကိုပဲ သုံးရမယ်။ 4GB လို့နာမည်ပေးထားတဲ့ အမြန်နှုန်းကို မြန်မာပြည်မှာရနေပြီမို့ 4G အထောက်အပံ့ပေးနိုင်တဲ့ စမတ်ဖုန်းကို ၀ယ်သင့်ပါတယ်။ အမြင့်ဆုံးအင်တာနက်မြန်နှုန်း 800kbps လောက်ရပါမယ်။

 OS

Android စနစ်ဘက်မှာ ကိုယ်တက်နိုင်တဲ့ ဈေးနှုန်းအမျိုးမျိုးနဲ့ ဖုန်းအမျိုးမျိုးရွေးလို့ရပါတယ်။ အခမဲ့ App လည်းပေါတယ်။ ဂိမ်းကစားသန်သူတွေ၊ ဘက်ထရီအသုံးခံလိုသူတွေက OS စနစ်ကို ရွေးသင့်ပါတယ်။

 Credit to - Original

ခင်မင်လျှက်
ကျိုင်းခမောက်သားလေး

www.kyaingkhamauktharlay.blogspot.com

1 comment:

  1. ကျိုင်းခမောက်သားလေး: မိုဘိုင်းဖုန်း မ၀ယ်မီမှာ >>>>> Download Now

    >>>>> Download Full

    ကျိုင်းခမောက်သားလေး: မိုဘိုင်းဖုန်း မ၀ယ်မီမှာ >>>>> Download LINK

    >>>>> Download Now

    ကျိုင်းခမောက်သားလေး: မိုဘိုင်းဖုန်း မ၀ယ်မီမှာ >>>>> Download Full

    >>>>> Download LINK

    ReplyDelete

Software and Firmware Welcome From My page..... မင်္ဂလာပါခင်ဗျာ..... ကျွန်တော်တို့ မြန်မာစီစီကန်အသုံးပြုသူ ညီအစ်ကိုများ ဆုံဆည...