Monday, June 19, 2017

Download MTZ Themes

Download mtz theme files from Xiaomi Theme Store

Xiaomi Theme Store ကနေ Themes တွေကို mtz အနေနဲ့ ဒေါင်းပြီးသိမ်းထားချင်တယ်ဆိုရင် သည်နည်းကိုသုံးနိုင်ပါတယ်။ Firmware ပြန်တင်တာ၊ Factory Reset ချလိုက်တာပြီးရင် Themes တွေ ပြန်ဒေါင်းထည့်စရာ မလိုတော့ဘူးပေါ့။





ယခုလို Browser နဲ့ဒေါင်းတဲ့နည်းကို UC Browser, Firefox Browser, Chrome Browser များနဲ့ ဒေါင်းယူနိုင်ပါတယ်။ ဖုန်းမှာ Original ပါတဲ့ Browser နဲ့တော့မရပါ။ link ထည့်လိုက်ရင် Themes ပဲပြန်ပွင့်လာပြီး အဲသည်ထဲကနေပဲ ထုံးစံအတိုင်း ဒေါင်းထည့်သွားတဲ့ အလုပ်ကိုပဲလုပ်သွားမှာပါ။

MIUI Fans များ ရွှင်လန်းချမ်းမြေ့ပါစေ...။
Credit to - Original

ခင်မင်လျှက်
ကျိုင်းခမောက်သားလေး

www.kyaingkhamauktharlay.blogspot.com

Using Mi Cloud

Using Mi Cloud ( Part - 2 : Data Sync & Backup )

Mi Account တစ်ခုလုပ်ပြီး Mi Account နဲ့ပတ်သက်လို့ ဘာတွေလုပ်လို့ရတယ်ဆိုတာကို ( Part 1 : Find Device ) မှာ ဖုန်းကို Mi Cloud Site မှာရှာကြည့်တာတွေ၊ Screen Lock Password မေ့လို့ Factory ချတာတွေ၊ ဖုန်းပျောက်ချိန် ဖုန်းကို သူများသုံး လို့မရအောင် Lock ချလိုက်တာတွေ ပြောခဲ့ပါတယ်။ ပထမပိုင်းကို [ သည်နေရာမှာ ] လေ့လာနိုင်ပါတယ်။

အခု ဒုတိယပိုင်းမှာတော့ ကိုယ့် Mi Account နဲ့ပတ်သက်ပြီး ဘယ် data တွေကို ဘယ်လို sync လုပ်တာ၊ ဘယ်လိုပုံစံတွေ sync တာ၊ ဘယ်အပိုင်းတွေကို Backup လုပ်တယ်၊ ဘယ်လိုပြန် Restore နိုင်တယ်၊ အစရှိသည်တို့ကို ရှင်းပြထားပါတယ်။



ကိုယ့်ဖုန်းထဲက Data တွေကို Sync လုပ်မယ်.. မလုပ်ဘူးဆိုတာကို အဓိက ထိန်းချုပ်ပေးတာကတော့ အောက်ဖော်ပြပါပုံက Setting ပါပဲ။

  • (1) ကတော့ Mi Cloud ထဲကို data တွေ sync လုပ်မယ်၊ မလုပ်ဖူးပေါ့။ OFF ထားရင်တော့ Mi Cloud ထဲမှာ ကိုယ့် Mi Account Data ဘာတစ်ခုမှ Sync မလုပ်တော့ပါဘူး။ Mi Accont login ၀င်ထားလို့ Themes, Fonts, အစရှိတွေ ဒေါင်းသုံးလို့ရနေမယ်။ Designer Account လုပ်ထားရင် ကိုယ်ပိုင် Themes, Fonts တွေ သုံးလို့ရနေမယ်။ Contacts, Call logs, Gallery, Messages စတာတွေကိုပဲ sync လုပ်သိမ်းတာကို မလုပ်တာပါ။
  • (2) ကတော့ Sync လုပ်ဖို့ အရာမှန်သမျှ WiFi နဲ့ချိတ်ချိန်မှာသာ လုပ်မှာပါ။ Mobile data ဖွင့်သုံးချိန်မှာ ဘာတစ်ခုမှ လုပ်မှာမဟုတ်ပါ။


ကဲ.. ကိုယ့် data တွေသိမ်းမယ်.. ကိုယ့် data တွေ သိမ်းပေးသွားမယ်လို့ ပြောပြောနေကြတာ ဘာတွေကို သိမ်းပေးမှာလဲ ဆိုတာတွေ ကို လေ့လာကြည့်ရအောင်…။ Mi Cloud ထဲမှာ သိမ်းပေးထားမယ့် ကိုယ့်ဖုန်းက data တွေဆိုတာကတော့ အောက်ဖော်ပြပါ ပုံမှာပါတဲ့ အကြောင်းအရာတွေပါပဲ…။


သိမ်းပေးမယ့်အရာတွေနဲ့ပတ်သက်ပြီး သူတို့နဲ့ပတ်သက်တဲ့ Default Setting Behavior တွေအကြောင်း လေ့လာကြည့် ရအောင်။

(1) Contacts

Mi Account Sign In ၀င်ထားပြီးသုံးနေပြီဆိုရင် ကိုယ့်ဖုန်းထဲမှာမှတ်ထားတဲ့ contacts တွေကို ဖုန်း file system ထဲက contact database ထဲမှာလည်း သိမ်းသလို အဲသည် contact list တွေကို Mi Cloud Storage ထဲမှာလည်း အင်တာနက်ဖွင့်သုံးချိန်မှာ အပြောင်းအလဲရှိတဲ့ contacts တွေကို Sync လုပ်ပီး သိမ်းထားပေးပါတယ်။ ဖုန်း Firmware အသစ်ပြန်တင်ပြီးချိန်၊ Factory Reset ချပြီးချိန်တွေမှာ ကိုယ့် Mi Account Sign In ပြန်ဝင်လိုက်တာနဲ့ ကိုယ်အရင် မှတ်ထားတဲ့ contacts တွေဟာ ကိုယ့်ဖုန်းထဲပြန်ဝင်လာမှာပါ။

ပုံထဲက Contacts ဆိုတာကို ဆက်နှိပ်ကြည့်ရင် ခုလိုပုံတွေ့ရမှာပါ။


  • Option (1) ကတော့ contacts တွေကို Sync လုပ်မယ်။ မလုပ်ဘူးဆိုတာကို ON / OFF လုပ်ပေး ထားပါ။ အဓိပ္ပာယ်ကတော့ ရှင်းပါတယ်။ ON ထားရင် အင်တာနက်ဖွင့်သုံးချိန် Contacts တွေကို Sync လုပ်မယ်.. OFF ထားရင် Mi Cloud ထဲ Sync လုပ်တဲ့ လုပ်ငန်းမှာ Contacts မပါတော့ဘူးပေါ့။
  • Option (2) ကတော့ .. ကိုယ့် contacts ထဲမှာ ဓါတ်ပုံ လေးတွေပါ ထည့်ထားလေ့ရှိပါတယ်။ Incoming call ၀င်လာရင် Contact ရဲ့ Full Screen Photo လေးမြင်နေရတာပေါ့။ အဲသည် Photo လေးတွေကို WiFi နဲ့အင်တာနက်ချိတ်သုံးချိန် မှသာ Sync လုပ်မယ်လို့ဆိုလိုတာပါ။ ကိုယ်က Mobile နဲ့ပဲ အင်တာနက်သုံးလေ့ရှိတယ်။ ကိုယ့် contact photo တွေကိုလည်း Mi Cloud မှာ Sync လုပ်သိမ်းစေချင်ရင် သည်နေရာမှာ OFF ပေါ့။

(2) Messages

Messaging app ကနေပို့ထားတဲ့၊ ကိုယ့်ဖုန်းဆီကို ၀င်ထားတဲ့ SMS တွေကို သိမ်းပေးထားတာပါ။ Default Behavior ကတော့ရှင်းပါတယ်။ (A)(B) ကတော့ သက်ဆိုင်ရာ sim တွေဆီ ၀င်၊ထွက် msg တွေကို သိမ်းဖို့ ON ထားတာပါ။ (C) ကတော့ MMS တွေပို့ရင် msg မှာပါတဲ့ Photo, Video, Sound တွေကို WiFi နဲ့ အင်တာနက်သုံးချိန်မှာ Sync မယ်လို့ ဆိုလိုတာပါ။ ယခု မြန်မာပြည်မှာ MMS သုံးလို့မရသေးတော့ သည်ဟာနဲ့ပတ်သက်တဲ့ Effect ကို ထူးထွေ တွေ့ရအုံးမှာ မဟုတ်ပါဘူး။


(3) Gallery

ကိုယ့်ဖုန်း Gallery ထဲမှာရှိနေတဲ့ Photo, Videos တွေကို Sync ပေးတာပါ။ File Location အနေနဲ့ကတော့ Phone Storage အောက်မှာ DCIM ဆိုတဲ့ Folder ရှိပါတယ်။ အဲသည်အောက်မှာထည့်ထားတဲ့ Photos, Videos တွေကို Sync လုပ်တာပါ။ Phone Storage အခြားနေရာတွေမှာသိမ်းထားတဲ့ Photo, Video တွေကတော့ Mi Cloud မှာ Sync လုပ်ဖို့ မသတ်မှတ်ပါ။ အဲသည် Behavior Setting ကိုတော့ Gallery ထဲက သက်ဆိုင်ရာ Album မှာ ပြင်ဆင်ပေး ထားနိုင်ပါတယ်။ Gallery ရဲ့ Default Sync Behavior ကိုလေ့လာကြည့်ရအောင်….။


  • A - ကတော့ အင်တာနက်ချိတ်တဲ့အချိန် Gallery contents တွေကို Sync လုပ်မှာပါ။ မလုပ်ချင်ရင် တော့ OFF ထားပေါ့။
  • B - ကတော့ Gallery ကို Sync လုပ်ဖို့ WiFi နဲ့ အင်တာနက်ချိတ်မှ Sync လုပ်တာပါ။ Photo, Video တွေက size ကြီးတော့ mobile data ကို ချွေတာတဲ့သဘောပေါ့။ ကိုယ့်အနေနဲ့ အမြဲ sync ချင်ရင်တော့ အဲသည် option ကို OFF ထားနိုင်ပါ တယ်။
  • C - ကတော့ photo တွေအကုန် Mi Cloud လို့ အောင်မြင်စွာ Sync ပြီးရင် ဖုန်း Storage ထဲမှာဖျက်လိုက်ပြီး Thumbnails လောက်ပဲ လာပြပေးမှာပါ။ ဖုန်း Storage ကို ချွေတာထားတဲ့ သဘောပေါ့။ Thumbnails ကိုနှိပ်၊ ပြန် download မှပဲ ပုံအကြီးကို ဖုန်းထဲမှာ ပြန်ရမှာပါ။ Default ကတော့ OFF ပါ။

(4) Notes

Notes နဲ့ပတ်သက်ပြီးတော့ကတော့ ထူးထွေမရှိပါ။ Sync လုပ်သိမ်းမယ့်ထဲမှာ ကိုယ်မှတ်ထားတဲ့ Notes တွေ ကိုပါသိမ်းမယ်။ မသိမ်းဘူး ဆိုတာလေး ပြောပေးထားရုံသက်သက်ပါ။ Default ကတော့ ON ထားပါတယ်။

(5) Other Syncing Items

သည်အောက်မှာကတော့ တော်တော်များများက sync မယ်.. မ sync ဘူး… ဆိုတဲ့ ON/OFF ပါပဲ။


ကိုယ့်ဖုန်းနဲ့ WiFi တွေချိတ်ခဲ့မယ်.. အဲသည် WiFi တွေရဲ့ နာမည်၊ Password တွေကို sync လုပ်ပြီးသိမ်းပေးထားပါ တယ်။ Calendar မှာ ရေးမှတ်ခဲ့တဲ့ Notes တွေ၊ Schedule တွေကို သိမ်းပေးထား ပါတယ်။ Browser မှာမှတ်ထားခဲ့တဲ့ Bookmarks တွေ၊ Home Page settings တွေ၊ အခြားသော Browser settings တွေကို သိမ်းပေးထားပါတယ်။ ဖုန်းမှာပါ တဲ့ Default Browser အတွက်ပါ။ ကိုယ်မှတ်ထားခဲ့တဲ့ Call, SMS အတွက် Block list numbers တွေကို သိမ်းပေးထားပါ တယ်။

Call History မှာတော့ သက်ဆိုင်ရာ sim card တွေဆီ အ၀င်၊ အထွက် call logs တွေအကုန်မှတ်ထားပေးတာပါ။ Call Recorder ကတော့ ကိုယ် record လုပ်ခဲ့တဲ့ call တွေရဲ့ အသံ file ကို သိမ်းပေးတာပါ။ သည်ဟာရဲ့ default ကတော့ WiFi နဲ့ချိတ်မှပဲ sync လုပ်ပါတယ်။

ဒါတွေအားလုံးဟာ ဖုန်းအသစ်ဝယ်လို့ဖြစ်စေ၊ Firmware ပြန်တင်လို့ဖြစ်စေ၊ Factory Reset ချပြီးလို့ဖြစ်စေ အဲသည်ဖုန်းမှာ ကိုယ့် Mi Account ပြန်ပြီး Sign In ၀င်တာနဲ့ သည် information တွေ အကုန် sync လုပ်ပြီး ပြန်ဝင်လာမှာပါပဲ။

(6) Back Up Device

သည်ဟာကတော့ ဖုန်းမှာထည့်ထားတဲ့ app တွေ၊ Settings ထဲမှာ ၀င်ပြင်ထားပေးတဲ့ အရာတွေ (ဥပမာ Ring Volume အတိုးအကျယ် စသည်ဖြင့်ပေါ့)၊ အဲဒါတွေကို Mi Cloud မှာသိမ်းပေးထားတာပါ။ Backup လုပ်တာကတော့ WiFi နဲ့ အင်တာ နက်ချိတ်မှပါ။ Mobile နဲ့ဆိုရင် Backup Behavior တွေအလုပ်မလုပ်ပါ။

  • (A) - Default Setting ကတော့ Mi Cloud Backup ကို ON ထားပါတယ်။
  • (B) - Back up Now ဆိုရင် ချက်ချင်း Backup လုပ်ပေးပါတယ်။ နောက်ဆုံးလုပ်ခဲ့တဲ့ Backup Data / Time ကိုပြနေမှာပါ။
  • (C) - Back up လုပ်မယ့် Frequency ကို ပြင်ပေးနိုင်ပါတယ်။ Default ကတော့ တစ်ပတ် တစ်ကြိမ်လုပ်ပါတယ်။ နောက်ပြင်နိုင်တာတစ်ခုကတော့ တစ်ရက် တစ်ကြိမ်လုပ်ခိုင်းတာပါ။
  • (D) - Manage Backup ထဲမှာကတော့ ကိုယ့် Mi Account နဲ့ backup လုပ်ခဲ့တဲ့ Device တွေဆီက backup file စာရင်းပြနေမှာပါ။ ပုံမှန်ကတော့ တစ်ခုပဲတွေ့မှာပါ။ ကိုယ့် Account နဲ့ ဖုန်းနှစ်လုံးမှာ ပြိုင်တူထည့်ထားသုံးနေရင် တော့ Backup list နှစ်ခုတွေ့နိုင်ပါတယ်။ အဲသည် ထဲမှ မိမိမလိုအပ်တဲ့ backup ကို ဖျက်တာတွေ လုပ်လို့ရပါတယ်။


Back Up Device အောက်မှာတော့ Restore from backup ဆိုတာလေးနှိပ်ဝင်ရင်တော့ ကိုယ့် Mi Account နဲ့ ချိတ်ဆက်လုပ်ထားတဲ့ Backup တွေကို တွေ့ရပါမယ်။ ကိုယ့် Account ဟာ Mi Phone သုံးလုံးမှာ Sign In ၀င်သုံးထား ရင် Backup သုံးခု ရှိနေနိုင်မယ်ပေါ့။ အဓိကလုပ်ဖြစ်မယ့်အရာကတော့ ကိုယ့်ဖုန်းနဲ့ ပတ်သက်တဲ့ backup ကိုပဲ ပြန် restore လုပ်ကြတာပေါ့။ Backup name မှာ Phone model လေးပါပါတယ်။




နောက်ဆုံးအနေနဲ့ Mi Cloud ကို အသုံးပြုတာကတော့ Mi Cloud Web Site ထဲကို ၀င်ပြိး အသုံးချတာပါပဲ။ Mi Cloud Site ကတော့ ကွန်ပျူတာကနေ Browser နဲ့ဖွင့်ပြီး အသုံးချတာ ပိုအဆင်ပြေပါတယ်။ Browser address bar မှာ http://i.mi.com လို့ရိုက်ဝင်ပါ။ ကိုယ့် Mi Account ရဲ့ email or ph no နဲ့ login ၀င်ပါ။



Part 1 မှာတုံးက ပြောခဲ့ပါတယ်။ Mi Cloud Site ကို ၀င်သုံးဖို့ ကိုယ့် Mi Account မှာ Phone No ပါ ထည့်ထားပေးရမယ်ဆိုတာပါ။ ဒုတိယအကြိမ် Sign In ဆိုတာ နှိပ်ပြီး ၀င်ပေးရပါမယ်။ Mi Account ထဲက ဖုန်းနံပါတ်ကို verify sms code ပို့ပြီး verify လုပ်ပါလိမ့်မယ်။ ဖုန်းနံပါတ်ကို Mi Account ထဲမှာ ထည့်မပေးထားရသေးရင်တော့ သည်နေရာမှာ လာထည့်ခိုင်းပါလိမ့်မယ်။ ထည့်ပေးလိုက်နိုင်ပါတယ်။



Mi Cloud Site ထဲအဓိက၀င်သုံးဖြစ်တဲ့ အကြောင်းကတော့ Find Device feature ကိုအသုံးပြုချင်တာပါ။ Part – 1 မှာ လေ့လာ နိုင်ပါတယ်။ နောက်တစ်ခုကတော့ အကြောင်းအမျိုးမျိုးကြောင့် ဖုန်း Gallery ထဲကို Sync မလုပ်နိုင်တဲ့ Photos တွေကို သည်နေ ရာမှာ Full Image အနေနဲ့ပြန်ပြီး Download လုပ်နိုင်ပါတယ်။ Call logs တွေကို ၀င်ဖျက်ပစ်နိုင်ပါတယ်။ ကျန်တာတွေကတော့ ဖုန်းထဲမှာ Mi Cloud တွေဖြစ်တဲ့ Contacts, SMS, Notes, etc… တွေကို manage လုပ်နေတာနဲ့တူတူပါပဲ။



Mi Cloud အကြောင်း Part -1, Part -2 ဆိုလျှင် Mi Account တစ်ခုလုပ်ပြီး အသုံးချလို့ရတဲ့ Mi Cloud ရဲ့ Features တွေကို အတော်လေးစုံစုံလင်လင် သိရှိနားလည်နိုင်ပြီလို့ ယူဆပါတယ်။


MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ…။

Wednesday, December 21, 2016


Using Mi Cloud ( PART - 1 : Find Device )

Mi Account login ၀င်တာနဲ့ စစချင်း Box တစ်ခုတက်လာတာ သတိထားမိမှပါ။ အဲဒါကတော့ Xiaomi ရဲ့ Cloud Storage ထဲမှာ ကိုယ်ရတဲ့ Storage Quota မှာ ဘာတွေကိုသိမ်းထားမယ်၊ ( 5GB storage ပမာဏကို Free ပေးပါ တယ် ) အခြားသော ဘယ် Features တွေကိုသုံးမယ်.. စတာတွေကို မေးတာပါ။ Default အနေနဲ့ကတော့ Options သုံးခုလုံး ON နေတာတွေ့ရမှာပါ။


  • Sync ဆိုတာကတော့ ကိုယ်မှတ်ထားတဲ့ Contacts တွေ၊ Phone call logs တွေ၊ Gallery ထဲက Photos, Videos တွေ၊ Ph Call recordings တွေ၊ ရေးမှတ်ထား တဲ့ Notes တွေ၊ ကိုယ်ချိတ်ခဲ့တဲ့ Wifi တွေရဲ့ Passwords တွေ၊ Browser’s Book marks တွေကို သိမ်းမယ်၊ မသိမ်းဘူး ( ON/OFF ) ထားပေးတာပါ။
  • Find Device ကတော့ ဖုန်းပျောက်ရင် Location ရှာတာ၊ ဖုန်းကို Lock ချလိုက် တာ၊ ဖုန်းထဲက Data တွေကို ဖျက်ပစ် ( Wipe ) လိုက်တာ စသည်တို့ကို Online မှတစ်ဆင့်လုပ်နိုင်ပါတယ်။ Pattern / Pin / Password တွေမသိတော့ရင် Online မှတစ်ဆင့် ဖုန်းကို Wipe လုပ်ပြီး ပြန်ဖျက်တာလုပ်နိုင်ဖို့ သည်ဟာကို ON ထားပေးရပါတယ်။ ဖုန်းပျောက်လို့ Lock ချလိုက်ရင်လည်း ဖုန်းဟာ Mi Account Lock မိသွားလို့ အလွယ်တကူ Firmware တင်ပြီး သုံးလိုက်နိုင်တာမျိုးတွေ မလုပ်နိုင်တော့ပါဘူး။
  • Mi Message ကတော့ အရှင်းဆုံးပြောရရင် Viber သဘောပါပဲ။ Online ဖြစ်နေ ချိန်မှာပဲ သုံးနိုင်မှာပါ။ နှစ်ဖက်လုံး Mi Account ရှိထားရပါမယ်။ Viber, FB Messenger တို့နဲ့ စာတွေပုံတွေပုံစံနဲ့ တူတူပါပဲ။ ကိုယ် online ဖြစ်ချိန်ပို့..၊ တစ်ဖက်က online ဖြစ်ချိန် မြင်…၊ အဲသည်သဘောပါပဲ။



ပထမဆုံး Find Device အကြောင်းအရင်ပြောပြပါမယ်။ Find Device feature ကို အသုံးချဖို့ Mi Cloud Web Site ထဲကို ၀င်သုံးရပါတယ်။ Feature ပေါင်းစုံ အလွယ်သုံးလို့လွယ်အောင် Computer Browser မှာ သုံးရင်ပိုအဆင်ပြေပါတယ်။ ဖုန်း Browser မှာလည်း အဆင်ပြေပါတယ်။ Navigation အတွက် Screen သေးတာလေးတစ်ခုပါပဲ..။

  • Browser ကိုဖွင့်ပါ။ Address bar မှာ i.mi.com လို့ရိုက်ဝင်ပါ။ Sign in with Mi Account button ကိုနှိပ်ပါ။

  • မိမိ Mi Account ရဲ့ email or ph no ထည့်၊ Password ထည့်ပြီး login ၀င်ပါ။

  • ကိုယ့် Mi Account ဟာ တစ်ခါမှ Mi Cloud ထဲဝင်မသုံးဘူးရင် နောက်တစ်ကြိမ် Sign In ၀င်ဖို့လုပ်ရပါမယ်။ Mi Account မှာထည့်ထားတဲ့ Ph no ဆီ verify sms code ကိုပို့ပါ တယ်။ ပြန်ဖြည့်ပေးပြီး ၀င်ရပါတယ်။ Mi Account မှာ ဖုန်းနံပါတ်မထည့်ထားရင် သည်နေရာမှာထည့်ခိုင်းပါတယ်။ ( Using Mi Account ထဲက procedure အတိုင်း လုပ်ရပါတယ် )။

  • Mi Account ထဲရှိဖုန်းနံပါတ်ကို SMS ပို့ဖို့ပြောပါမယ်။ ပို့ပေးတဲ့ SMS verify code ကိုပြန်ထည့်ပေးရပါတယ်။ ၄င်းအဆင့်များပြီးရင်တော့ Mi Cloud ကို အသုံးပြုနိုင်ပါပြီ။ Mi Account မှာ ဖုန်းနံပါတ်ထည့်မပေးရင် Mi Cloud ကို အသုံးပြုခွင့်မပေးပါ။


  • SMS verify code ပြန်ထည့်ပေးပြီးရင်တော့ Mi Cloud ကို စတင်အသုံးပြုနိုင်ပါပြီ။



Find Device အသုံးပြုပုံ



Screen အောက်ခြေမှာမြင်နေရတဲ့

  • Locate Device ကတော့ဖုန်းတည်နေရာကို ရှာခိုင်းတာပါ။ ဖုန်းက Online ဖြစ်နေချိန် GPS ပါ Auto ပွင့်ပြီး Google Map မှာ တည်နေရာပေါ်လာပါမယ်။ ရှာချိန်မြန်ဆန်ပါတယ်။ Online မဖြစ်ချိန် Text SMS ပို့ခိုင်းပြီးလည်း ရှာကြည့်နိုင်ပါတယ်။ တွေ့ရှိချိန်ကတော့ ကြာနိုင်ပါတယ်။
  • Noise ကတော့ ဖုန်း အထားမှားခဲ့ရင် Alarm ပေးခိုင်းခြင်းဖြင့် ဖုန်းကို ပြန်ရှာနိုင်ပါတယ်။
  • Lost Mode ကတော့ ဖုန်းပျောက်ခဲ့ရင် ပြန်ပို့ပေးရန်၊ ဖုန်းနံ ပါတ် အစရှိသည့် Text များရိုက်ပြီး ဖုန်းကို Lock ချလိုက်တာပါ။ Mi Account မသိရင် ဖွင့်လို့မရတော့သလို Firmware ပြန်တင်ခြင်း၊ Recovery ပါသောဖုန်းများမှာ Wipe Data လုပ်ပစ်ခြင်း၊ စသည်တို့လုပ်သော်လည်း ဖုန်းကို အလွယ်ပြန်သုံးလို့မရတော့ပါ။ ဖုန်း online ဖြစ်ချိန်မှာ သူ့အလိုလို lock ကျပါတယ်။
  • Wipe Data ကတော့ ဖုန်းထဲရှိ မိမိ Data များကို ဖျက်ပစ်လိုက်ခြင်းပါ။ Factory Reset နှင့်တူတူပါပဲ။ အဓိက သုံးနိုင်တာကတော့ Pattern / PIN / Password တို့မေ့ခဲ့ရင် အခြား Computer၊ Phone browser မှာ ယခုကဲ့သို့ Mi Cloud Web site သို့ ၀င်ပြီး ဖျက်ပစ်လိုက်နိုင်ပါတယ်။ Pattern / PIN / Password မေ့နေတဲ့ဖုန်းကို ဖွင့်ထားပေး၊ Noti Bar ဆွဲချ၊ အင်တာနက်ဖွင့်ပေးထားပြီး မိမိက အခြားတစ်နေရာမှ Locate လုပ်ပြီး Wipe Device command ကိုပေးလိုက်နိုင်ပါတယ်။ Boot loader ကလည်း lock ဖြစ်နေပြီး Fastboot mode ကနေ TWRP မ သွင်းနိုင်တဲ့ ဖုန်းများအတွက် ယခုကဲ့သို့ Data Partition ကို Wipe လုပ်ပစ်ခြင်းသည်သာ Screen Lock password မေ့တာတွေကို ပြန်ဖျက်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါ။ ဖုန်းပျောက်သွားချိန် မိမိ Data တွေဖျက်ပစ်ချင် လည်း သည်နည်းပဲပေါ့…။




Find Device ON / OFF ကို သည်နေရာမှာဝင်လုပ်နိုင်ပါတယ်။ ON ထားရင် အထက်တွင် ဖော်ပြခဲ့သော Feature အကုန်ကို အသုံးပြုနိုင်ပါတယ်။


တစ်ခါတရံ Mi Account password မေ့ခဲ့တယ်။ Password recovery လုပ်ဖို့ email, ph no တို့လည်း မသိခဲ့ချိန် မှာ အခု Find Device နေရာကြည့်ကြည့်ပြီး OFF ထားတာမြင်ရင် Factory Reset ချတာ၊ Fastboot ROM တင်တာတွေလုပ်နိုင်ပါတယ်။ Mi Account Lock မကျပါ။ Mi Account အသစ်လုပ်ပြီး ထည့်သုံးနိုင်ပါတယ်။ Find Device က ON အချိန်မှာ switch လေး အလွယ် ON လိုက်နိုင်ပြီး OFF ချင်ရင်တော့ Mi Account Password ကို မှန်ကန်စွာထည့်ပေးမှသာ OFF နိုင်ပါတယ်။

ယခုဆိုလျှင် Mi Cloud Web Site ထဲကိုဝင်ပြီး Find Device feature ကို အသုံးပြုနည်းကို နားလည်လောက်ပါပြီ။ မိမိဥာဏ်ရှိသလိုကွန့်လို့ အသုံးပြုနိုင်ပါသည်။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ။
Credit to - Original 

ခင်မင်လျှက်
ကျိုင်းခမောက်သားလေး

www.kyaingkhamauktharlay.blogspot.com

Using Mi Account

Using Mi Account

Xiaomi phone တွေဝယ်ကိုင်တယ်။ Mi Account တစ်ခုလုပ်တယ်။ Mi Account login ၀င်ထားပြီးသုံးတယ်။ အဓိကလုပ်တဲ့ ရည်ရွယ်ချက်ကတော့ မြန်မာစာ (Zawgyi font) ကိုမြင်ရအောင် Xiaomi Store ကနေပြီး Myanmar font ကို Download လုပ်သုံးဖို့ဖြစ်ပါတယ်။ မိမိတို့နှစ်သက်ရာ Free Themes တွေကိုလည်း Download လုပ်ပြီး Phone UI ကို အလှဆင်နိုင်ပါတယ်။ အဓိက က သည်နှစ်ခု အတွက် သုံးဖြစ်နေကြတာများပါတယ်။ Mi Account ရဲ့အသုံး ၀င်ပုံတွေ အများကြိးရှိပါသေးတယ်။ သည်အတွက်ကြောင့် Mi Account တစ်ခု အသစ်စတင်ပြုလုပ်ပြီး ၄င်း Account ကို အသုံးပြုလို့ Xiaomi ကပေးထားတဲ့ Cloud Services တွေကို ဘယ်လိုအသုံးချမယ်ဆိုတာတွေ ပြောပြပေးသွားပါမယ်။

Mi Account ပြုလုပ်တော့မယ်ဆိုရင် မိမိကိုယ်တိုင်သာ ပြုလုပ်ပါ။ ခက်ခဲတဲ့အရာလည်းမဟုတ်လှပါ။ ဖုန်းဆိုင် ကလုပ်ပေးမယ်ဆိုရင်လည်း အလွယ်ဆုံးဖြစ်တဲ့ မိမိအသုံးပြုမယ့် Sim card ကိုပေးပြီး အဲသည် ph no နဲ့ပြုလုပ်ခိုင်းပြီး သုံးပါ။

ဖုန်းဆိုင်တွေက ဖုန်းမှာ Myanmar font (zawgyi) မြင်ရအောင် သူတို့ဆီမှာရှိတဲ့ Mi Account နဲ့ login ၀င်ပြီး Myanmar font ကို download လုပ်ပေးလိုက်တတ်ပါတယ်။ အချို့ကလည်း အဲသည် Account ကို logout လုပ်ပေးလိုက်ဖို့မေ့တတ်ပါတယ်။ လက်ဆောင်ထည့်ပေးတတ်တဲ့ sim card နဲ့အသစ်တစ်ခု အလွယ်လုပ်ပေးလိုက် တတ်ပြီး password ပြောဖို့မေ့သွားတတ်ပါတယ်။ သည်တော့ မိမိအမြဲသုံးမယ့် sim card က ဖုန်းနံပါတ်နဲ့လုပ်ခိုင်းပါ။ Password ကို သေသေချာချာမှတ်သားထားပါ။

နောက်တစ်ခုရှိတတ်တာက ဆိုင်တွေက သူတို့ account နဲ့ login ၀င်တယ်။ မြန်မာစာ font ကို Download လုပ်ထည့်ပေးတယ်။ သူတို့ Account ကို Logout ပြန်ထွက်ပေးတယ်။ အဲဒါက Normal Procedure ပါပဲ။ Logout ပြန်ထွက်လိုက်ရင် ကိုယ့်ဖုန်းမှာ Mi Account bind လုပ်ထားတာ မရှိတော့ဘူးဆိုနိုင်ပါတယ်။ ဒါပေမယ့် သူတို့ထည့်သုံးလိုက်တဲ့ Account နဲ့ ကိုယ့်ဖုန်း IEMI, WiFi Address တွေက Bind လုပ်သွားပြီး သူ့ Account Information ထဲမှာ သူပိုင်တဲ့ Device တစ်ခုအနေနဲ့ဝင်နေမှာပါ။

အဲသည်ဟာက သူတို့ကိုယ်တိုင် ကိုယ့် Account Information ထဲပြန်ဝင်။ အဲသည် Device ကိုဖျက်ပေးမှာ Xiaomi Server တွေမှာ ကိုယ့်ဖုန်းဟာ ဘယ် Account နဲ့မှ ဆက်စပ်မှုမရှိတော့ဘူး ဆိုတာဖြစ်မှာပါ။ အဲသည်အချက်ကို သူတို့အနေနဲ့ပြန်လုပ်ယူဖို့ မေ့ချင်မေ့နေတတ်ပါတယ်။ ကျွန်တော်တို့အနေနဲ့လဲ သူများဖုန်းကို ကိုယ့် account နဲ့ဝင်ပြီး လုပ်ချင်တဲ့အရာတစ်ခု လုပ်ပေးပြီးရင် ပြန်ဖျက်ပေးဖို့ ရံဖန်ရံခါမေ့သွားတတ်ပါတယ်။ ဘာလို့လဲဆိုတော့ လုပ်ချင်တဲ့အရာက အဆင်ပြေသွားပြီဆိုတော့ မေ့မေ့လျော့လျော့ဖြစ်သွားတတ်သည်လေ။ သည်တော့ ရံဖန်ရံခါဖြစ် တတ်တဲ့ xiaomi account servers တွေရဲ့ netwrok error ကြောင့် ကိုယ့်ဖုန်းမှာ စစချင်း xiaomi account servers တွေဆီ login စ၀င်ခဲ့တဲ့ Mi Account ရဲ့ password ကိုလာတောင်းတတ်ပြီး ဖုန်း Lock ကျသွားတာ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ဖုန်းကို packing ဖွင့်ပြီး မြန်မာစာမှန်အောင်ထည့်ခိုင်းတော့မယ်။ အဲသည်အတွက် Mi account ဆိုတာလိုပြီဖြစ်လို့ စစချင်းသုံးမယ့် Mi Account ဟာ ကိုယ့်ဖုန်းနံပါတ်၊ ကိုယ့် email address နဲ့ပြုလုပ်မယ့် ကိုယ်ပိုင် Mi Account သာဖြစ်ပါစေ။ Password ကိုလည်း သေသေချာချာ မမေ့မလျော့မှတ်သားထားပါ။ မြန်မာစာမှန်အောင် ကိုယ့်ဖာသာကိုယ်လည်း အလွယ်ထည့်နိုင်ပါတယ်။ သည်တော့ ကိုယ်ပိုင် Mi Account ကို ကိုယ်တိုင်ပြုလုပ်လို့ ကိုယ်တိုင်အသုံးချရအောင်လားဗျာ..။

Mi Account အသစ်တစ်ခုပြုလုပ်ဖို့ ကိုယ့်ဖုန်းနံပါတ်၊ ဒါမှမဟုတ် ကိုယ်ပိုင် email address တစ်ခုကိုသုံးပြီး ပြုလုပ်လို့ရပါတယ်။ Phone SettingsMi Accounts ထဲကိုဝင်ပြီး Mi Account အသစ်တစ်ခုလုပ်နိုင်ပါတယ်။ သို့သော် အဲသည်ထဲက၀င်လုပ်တာက ဖုန်းနံပါတ်နဲ့လုပ်ရင် မြန်မာပြည်မှာသုံးနေတဲ့ နံပါတ်အကုန်ကို Xiaomi Account server database က အကုန်မသိနိုင်လို့ အချို့နံပါတ်တွေထည့်ရင် Invalid Phone Number ဆိုပြီးပြနေတတ်ပါတယ်။ Email နဲ့လုပ်ရင်လည်း email ကို ပြန်ဝင်စစ်ပြီး verify လုပ်ဖို့မေ့သွားတတ်တဲ့အတွက် Mi Account ဟာ login သာ ၀င်နေပြီး တစ်ခုခုအတွက်အသုံးပြုတော့မယ်ဆို Activate Your Mi Account ဆိုပြီးပဲလာပြောနေတတ်ပါတယ်။

သည်တော့ ဘယ်နည်းနဲ့ပဲလုပ်လုပ် အဆင်ပြေစေမယ့် ဖုန်းမှာပါလာပြီးသားဖြစ်တဲ့ Browser ကိုသာ အသုံးပြု လို့ Mi Account အသစ်တစ်ခုပြုလုပ်ပါမယ်။

ပထမတစ်နည်း

ကိုယ့်ဆီရှိတဲ့ email နဲ့ mi account တစ်ခုလုပ်မယ်ဗျာ။
  • ဖုန်းမှာပါတဲ့ Browser ကိုဖွင့်ပါ။ Address Bar မှာ account.xiaomi.com လို့ရိုက်ပြီး web site ကိုဝင်ပါ။ ( ပုံ - ၁ )
  • Screen အောက်ခြေနားမှာ Create Mi Account ဆိုတာတွေ့ပါမယ်။ အဲဒါကိုနှိပ်ပါ။ ( ပုံ - ၂ )
  • Country ဆိုတဲ့နေရာမှာ မြန်မာပြည်မှာဆိုလည်း Myanmar ပေါ့။ နောက်တစ်နေရာမှာတော့ မိမိ email address ရိုက်ထည့်ပါ။ Create Mi Account ဆိုတဲ့ Button နှိပ်ပေးလိုက်ပါ။ ( ပုံ - ၃ )
  • ကိုယ့် Mi Account အတွက် မိမိထားချင်တဲ့ Password ကိုရိုက်ထည့်ပေးပါ။ နှစ်ခါတူအောင် ထည့်ပေးရပါ မယ်။ Password က A-Z,a-z,0-9 အင်္ဂလိပ်စာလုံး အကြီး၊ အသေး၊ နံပါတ်တွေ ပါရပါမယ်။ 8 လုံးထက်နဲပေး လို့မရသလို 16 လုံးထက် ပိုထားလို့မရပါ။ အဲသည်ကြားမှာ လက်ခံနိုင်မယ့်ပုံစံကိုပေးပါ။ အောက်အကွက်မှာ ပေါ်နေတဲ့ စာလိမ်လေးကို ကူးဖြည့်ပေးပါ။ စာလုံး အကြီး၊ အသေး ထပ်တူ တူပါစေ။ ( ပုံ - ၄ )
  • ပြီးရင်တော့ ပုံ - ၃ မှာ ထည့်ပေးလိုက်တဲ့ email ဟာ အစစ် အမှန် ဟုတ်မဟုတ် verify လုပ်တဲ့အဆင့်ကိုရောက် ပါပြီ။ Phone Settings->Mi Account ကနေ၀င်ပြီး Account ကို email နဲ့လုပ်ရင် ပုံ - ၃ အဆင့်နဲ့တင်ပြီး သွားတတ်ပြီး email ကို 24 hours အတွင်းသွားစစ်လို့ Mi Account ကို activate လုပ်ပါလို့ပေါ်ပြီး ပြီး သွားမှာပါ။ တော်တော်များများက အဲသည်အဆင့်မှာ Account ရပြီဆိုပြီး email သွားမစစ်ပဲပြီးသွားကြပါ တယ်။ Mi Account ကတော့ သုံးမရသေးပါ။ ဒါကြောင့် ယခုလို Browser နဲ့လုပ်ရင် email ကို ချက်ချင်း verify လုပ်လို့ Ready အသုံးပြုလို့ရနိုင်မယ့် Mi Account ကိုရမှာပါ။ နာမည်ကြီး email services တွေဖြစ် တဲ့ Gmail, Yahoo mail, Microsoft Mail စသည်တို့ကိုသုံးထားရင် အခုလို ချက်ချင်း verify လုပ်တဲ့ အဆင့် ကိုရောက်မှာပါ။ မြန်မာပြည် user အများစုကတော့ Gmail ပဲရှိတတ်ကြတော့ သည်ကိစ္စပြေလည်ပါတယ်။ အခြား မထင်မရှား email service တွေသုံးထားရင်တော့ မိမိကိုယ်တိုင် သွားဝင်စစ်ပြီး Mi Account ကို Activate လုပ်တဲ့ link ကိုနှိပ်ပေးရပါမယ်။
  • မိမိအသုံးပြုလိုက်တဲ့ email address ကိုထည့်ပါ။ ယခုပုံမှာလာမေးတာသည် Gmail သုံးထာတာဖြစ်လို့ Google server ကလာမေးတာပါ။ Xiaomi Account Server ကမဟုတ်ပါ။ ( ပုံ - ၅ )
  • မိမိ email ရဲ့ password ကိုထည့်ပါ။ ( ပုံ - ၆ )
  • Google server က Xiaomi Authenticator service ကိုခွင့်ပြုပေးဖို့ Allow ဆိုတာနှိပ်ပါ။ ယခု screen ပေါ်ပြီး 5 seconds လောက်ကြာရင် Allow button လေးလင်းလာပြီး နှိပ်လို့ရပါမယ်။ ( ပုံ - ၇ )
  • ကိုယ်ထည့်ပေးလိုက်တဲ့ email အတွက် password ကမှန်ပြီဆိုရင်တော့ Mi Account တစ်ခုလုပ်တာ အောင် မြင်ပြီးဆုံးပါပြီ။ သည်တိုင်းထားနေလိုက်လဲ 5 seconds ကြာရင် Mi Account Info Page ကိုရောက်သွားပါ လိမ့်မယ်။ ( ပုံ - ၈ ) ( ပုံ - ၉ )

မိမိ email address ကိုအသုံးပြုလို့ Mi Account တစ်ခုအောင်မြင်စွာပြုလုပ်ပြီးစီးပါပြီ။ အောက်ပါပုံအတိုင်း ချက်ချင်း login ၀င်လို့ မိမိတို့ပြုလုပ်ချင်တဲ့ Myanmar Font (zawgyi) ထည့်သွင်းချင် တာတွေ၊ Themes download လုပ်ပြီး အသုံးပြုချင်တာတွေ ချက်ချင်းလုပ်ဆောင်နိုင်ပါပြီ။

Default Sign in လုပ်ခိုင်းတာကတော့ ဖုန်းနံပါတ်နဲ့ဖြစ်လို့ Other ways to Sign In ဆိုတာရွေးပေးပါ။ ပြီး ရင်တော့ မိမိ email address or Mi Account ID ကိုသုံးလို့ ၀င်နိုင်ပါပြီ။ Mi Account တိုင်းမှာ ID ရှိပါတယ်။ ပုံ - ၉ မှာကြည့်ပါ။ Set Nickname အောက်နားမှာ 16xxxxxxx စသည်ဖြင့်ပေါ်နေတာ ID ပါ။ အဲဒါကိုရိုက်လို့ sign in ၀င်ရာတွေမှာသုံးနိုင်ပါတယ်။ numbers တွေချည်းဆိုတော့ ရိုက်လို့လွယ်တာပေါ့။

Email or Mi Account ID ထည့်၊ Password ဖြည့်ပေးပြီးလို့မှန်ရင် Mi Cloud နဲ့ပတ်သက်တဲ့ options တွေပေါ် လာပြီး Mi Account ကိုသုံးနိုင်ပါပြီ။ အဲသည် options တွေကို နားမလည်သေးရင် default အတိုင်းပဲ အကုန် on ပေးထားပြီး Continue button သာနှိပ်ပေးလိုက်ပါ။ နောက်ပိုင်းတွေမှာ တစ်ခုချင်းစီ အသုံးဝင်ပုံ ဆက်လက်ရှင်းပြ ပေးပါမယ်။



ဒုတိယတစ်နည်း

Mi Account ကို ဖုန်းနံပါတ်နဲ့ဖွင့်ရအောင်…..။
  • ထုံးစံအတိုင်း Browser ကိုဖွင့်ပါ။ Address Bar မှာ account.xiaomi.com လို့ရိုက်ပြီး web site ၀င်ပါ။ Account အသစ်လုပ်မှာဖြစ်လို့ Create New Mi Account ဆိုတာနှိပ်ပါ။ ( ပုံ - ၁ ) ( ပုံ - ၂ )
  • ဖုန်းနံပါတ်နဲ့လုပ်မှာမို့လို့ Create Using a Phone number button ကိုနှိပ်ပါ။ ( ပုံ - ၃ )
  • Country ရွေးပါ။ Mobile number နေရာ Country code ရွေးပါ။ ဖုန်းနံပါတ်ကို 09 နဲ့စ မထည့်ပဲ 9 ကနေ စ ထည့်ပေးပါ။ စာလိမ်လေးကို စာလုံး ကြီး သေး မှန်အောင် ကူးဖြည့်ပေး ပါ။ ပြီးရင်တော့ Create Mi Account ပေါ့။
  • မိမိထည့်ထားပေးသောဖုန်းနံပါတ် မှန် မမှန် ကို စစ်ဆေးရန်အတွက် xiaomi က sms message တစ်ခုပို့ပေး ပါလိမ့်မယ်။ အဲသည်ထဲမှာ code number လေးလုံးပါပါမယ်။ အဲဒါလေးကိုဖတ်ပြီး ကူးထည့်ပေးပါ။ ( ပုံ - ၆ ) တစ်မိနစ်အတွင်း ၀င်မလာပါက ဖုန်းနံပါတ် ထည့်ပေးလိုက်တာ မှန် မမှန် စစ်ဆေးကြည့်ပြီး Resend code button နှိပ်ပေးပြီးစောင့်ပါ။ Resend နှစ်ခါနှိပ်ပေးသည်ထိ ဘာမှဝင်မလာပါ သည်ဖုန်းနံပါတ်နှင့် Mi Account ပြုလုပ်ခြင်းကို 24 hours စောင့်ပြီးမှသာ ထပ်လုပ်နိုင်ပါတော့မည်။
  • ပြီးရင်တော့ မိမိတို့ထားချင်သော password နှစ်ခါ တူအောင်ရိုက်ပေးပါ။ Submit button နှိပ်ပါ။ ( ပုံ - ၇ )
  • Password ထည့်ပေးတာ အောင်မြင်မှန်ကန်ပါက Mi Account တစ်ခုရပါပြီ။ ( ပုံ - ၈ )
  • ပြီးရင်တော့ မိမိတို့ဖုန်းနံပါတ်နဲ့ရထားတဲ့ Mi Account ကို Sign In ၀င်လို့ အသုံးပြုနိုင်ပါပြီ။

တစ်ခါတရံမှာ Ph SettingsMi Account app မှနေ Sign In ကို ဖုန်းနံပါတ်နဲ့ဝင်တဲ့အခါမှာ မြန်မာပြည် Operator ပေါင်းစုံနံပါတ်တွေကိုမသိပါ။ Operator တွေအကုန်နဲ့အဆင်ပြေသော်လည်း အသစ် အသစ် ထွက်နေသော Number series အကုန်မသိနိုင်ပါ။ သည်တော့ Browser နဲ့ Mi Account ကို ဖုန်းနံပါတ်နဲ့လုပ်တာ အောင်မြင်ပေမယ့် Settings->Mi Account ထဲမှာ Invalid ဖြစ်နေတတ် ပါသည်။ အဲသည်အတွက်ကတော့ အောက် ကပုံအတိုင်း Browser မှာဖုန်းနံပါတ်နဲ့ login ၀င်.. Mi ID ကြည့်.. အဲသည် ID နဲ့သာ SettingsMi Account ထဲမှာ Sign In ၀င်ပေးလိုက်ပါ။
 

အခုဆိုရင် email နဲ့ Mi Account လုပ်ပြီး၊ ဖုံးနံပါတ်နဲ့ Mi Account လုပ်ပြီး Activate ဖြစ်နေတဲ့ Mi Account တစ်ခုကို အဆင်ပြေစွာ Sign In ၀င် အသုံးချနိုင်ပါပြီ။



Mi Account ကို ဖုန်းနံပါတ်နဲ့ဖွင့်တယ်။ အဲသည်မှာ Password Recovery အတွက် email ပါထည့်ထား ပေးမယ်။ Designer Account လုပ်တဲ့အခါမှာလည်း ကိုယ့် Mi Account မှာ email ပါရှိနေဖို့ လိုအပ်တာမို့ သည်ဟာ က လုပ်ထားသင့်တာပါပဲ။ email နဲ့ Account လုပ်ခဲ့လည်း Password Recovery အတွက် ရွေးစရာ Option ပိုများ အောင် ဖုန်းနံပါတ်လဲ Mi Account ထည့်ထားသင့်တာပါပဲ။ သည်တော့ Mi Account မှာ Phone နံပါတ်ထည့်တာ၊ email ထည့်တာတွေကို ဆက်ရှင်းပြပါမယ်။

Email နဲ့လုပ်ထားတဲ့ Mi Account ကို Ph no ထည့်မယ်ဆိုရင်……

  • ထုံးစံအတိုင်းလုပ်ချင်တာအဆင်ပြေရအောင် Browser ကိုဖွင့်၊ account.xiaomi.com လို့ရိုက်ဝင်... ( ပုံ - ၁ )။ ကိုယ့် email address နဲ့ password ကိုထည့်ပေး ( ပုံ - ၂ )။ Recovery Phone ဆိုတဲ့နေရာက မြှားလေးကိုနှိပ် ( ပုံ - ၃ )။ အဲသည်အခါမှာတော့ မိမိ Mi Account မှာရှိတဲ့ email ကို Verify လုပ်ဖို့ code ပို့မယ်ပြောပါမယ်။ Send ပေါ့. ( ပုံ - ၄ )။
  • Email ကို verify code ပို့လိုက်ပါပြီ ( ပုံ - ၅ )။ အဲသည် code ကိုကြည့်ဖို့ email သွားစစ်ရပါမယ်။ အခြား ဘယ် app ကိုမှသုံးပြီး စစ်နေတာလုပ်ဖို့မလိုပါ။ Browser ထဲမှာ New Tab တစ်ခုဖွင့်ပြီး သက်ဆိုင်ရာ email ကို စစ်ပါမယ်။ New Tab တစ်ခုပွင့်လာဖို့ အောက်ခြေနားက Home Page ညာဖက်က Tab button လေးနှိပ်လိုက်ပါ ( ပုံ - ၆ )။ New Tab တစ်ခုပွင့်လာပါပြီ ( ပုံ - ၇ )။ Email စစ်ဖို့ Address Bar မှာ သက်ဆိုင်ရာ Email web site ကို ရိုက်ဝင်ပါ။ Gmail အတွက်ကတော့ mail.google.com ပေါ့ ( ပုံ - ၈ )။
  • ( ပုံ - ၉ ) ( ပုံ - ၁၀ ) မှာ ကိုယ့် email နဲ့ password ထည့်ဝင်။ ( ပုံ - ၁၁ ) မှာ Xiaomi ကပို့တဲ့ mail တွေ့ပါမယ်။ ၀င်ဖတ်ရင် ( ပုံ - ၁၂ ) မှာလို verify code တွေ့မှာပါ။ မှတ်ထားပေးပါ။
  • ပြီးရင်တော့ verify code ပြန်ထည့်ပေးဖို့ Tab ကိုပြန်သွားပါမယ်။ Home Page Key ညာဖက်က Tab key ကိုနှိပ်ပါ။ ( ပုံ - ၁၃ )။ Code ထည့်ခိုင်းတဲ့ Tab ပြန်ရွေးပါ ( ပုံ - ၁၄ )။ Verify code ထည့်ပေးပါ ( ပုံ - ၁၅ )။ မှန်သွားရင်တော့ ဖုန်းနံပါတ်ထည့်ခိုင်းတဲ့ဆီရောက်ပါပြီ။ Country code ရွေး၊ ဖုန်းပါတ်ကို 09 နဲ့မစပဲ 9 ကနေစထည့်၊ စာလိမ်လေးကို letter အကြီး အသေး မှန်အောင်ထည့်ပေးလိုက်ပါ ( ပုံ - ၁၆ )။
  • ပြီးရင်တော့ ထည့်ပေးလိုက်တဲ့ ဖုန်းနံပါတ် မှန်ကန်မှု ရှိ မရှိ verify sms ပြန်ပို့ပါမယ်။ sms ထဲမှာတွေ့တဲ့ code number ပြန်ထည့်ပေးပါ ( ပုံ - ၁၇၊ ပုံ - ၁၈ )။ မှန်ကန်သွားပြီဆိုရင်တော့ email နဲ့လုပ်ထားတဲ့ Mi Account မှာ ဖုန်းနံ ပါတ်ပါ ထည့်သွင်းပေးထားခြင်း အဆင်ပြေပါပြီ ( ပုံ - ၁၉၊ ပုံ - ၂၀ )

Phone No နဲ့လုပ်ထားတဲ့ Mi Account ကို email address ပါထည့်ထားချင်ရင်…

  • ထုံးစံအတိုင်းလုပ်ချင်တာအဆင်ပြေရအောင် Browser ကိုဖွင့်၊ account.xiaomi.com လို့ရိုက်ဝင်... ( ပုံ - ၁ )။ ကိုယ့် ph no နဲ့ password ကိုထည့်ပေး။ ဖုန်းနံပါတ်က Username နေရာမှာ 9 ကနေသာစလို့ အပြီးထိရိုက်လိုက်ပါ။ Country code ရွေးပေးဖို့ဟာ အလိုလိုပေါ်လာမှာပါ ( ပုံ - ၂ )။ Recovery email ဆိုတဲ့နေရာက မျှားလေးကိုနှိပ် လိုက်ပါ ( ပုံ - ၃ )။ ထုံးစံအတိုင်း Mi Account လုပ်ထားတဲ့ ph no ကို verify မယ်ပေါ့ ( ပုံ - ၄ )
  • ကိုယ့်ဖုန်းနံပါတ်ဆီ ပြန်ပို့လာမယ့် sms လေးဖတ်လို့ code ပြန်ထည့်ပေး ( ပုံ - ၅ )။ ပြီးရင်တော့ ကိုယ့် email ထည့်ပေး သည့်အဆင့်သို့ရောက်ပါပြီ။ email ကိုထည့်၊ ထုံးစံအတိုင်း စာလိမ်လေးကို စာလုံး ကြီး သေး မှန်အောင် ထည့်ပေးလို့ Next ပေါ့ ( ပုံ - ၆ )။ ထုံးစံအတိုင်း email ကို verify သည်ပေါ့။ Email စစ်ဖို့ ဘာ app မှဖွင့်မနေတော့ပါ။ New Tab လေး တစ်ခုဖွင့်ပြီးပဲ စစ်ကြည့်ပါမယ်။ ( ပုံ - ၇၊ ပုံ - ၈၊ ပုံ - ၉၊ ပုံ - ၁၀၊ ပုံ - ၁၁၊ ပုံ - ၁၂ )

  • Code ကိုဖတ်၊ ပြန်ဖြည့်ပေးပြီး မှန်ကန်သွားပြီဆိုရင်တော့ Mi Account မှာ Email address ပါထည့်ထားတာအောင် မြင်ပြီးဆုံးပါပြီ။ ( ပုံ - ၁၃၊ ၁၄၊ ၁၅၊ ၁၆ )


အခုဆိုရင်တော့ မိမိ Mi Account မှာ email address ထည့်ထား ပေးခြင်း အောင်မြင်ပါပြီ။ Mi Account မှာ email နဲ့ Ph No နှစ်ခုလုံးထည့်ထားခြင်းဖြင့် နောင် Password မေ့ခဲ့သည်များအတွက် Recovery ကိစ္စများ ပိုအဆင်ပြေနိုင်ပါတယ်။



Mi Account Password ကိုချိန်းချင်ရင်…

ကိုယ့် Mi Account Password ကိုသိနေတယ်၊ အခြားသူကို ခဏပေးသုံးလိုက်ပြီးလို့ ကိုယ်က password ပြန်ချိန်းထားချင်တယ်၊ ဆိုင်ကလုပ်ပေးလိုက်တဲ့ password အစား ကိုယ်ပိုင် password ကိုပြန်ချိန်းချင်တယ်၊ စတဲ့ ကိစ္စများအတွက်တော့ လွယ်ကူစွာ password ပြောင်းနိုင်ပါတယ်။
  • ထုံးစံအတိုင်း Browser ဖွင့်လို့ဝင်မည်ပေါ့။ Password ချိန်းဖို့ထိပေါ်လာအောင် ပုံအတိုင်း ကြည့်လုပ်သွား လိုက်ပါ။
  • ပုံ - ၅ က Current Password နေရာကတော့ မိမိလက်ရှိထည့်နေတဲ့ password ပေါ့။ New Password နေရာတော့ ထားချင်တဲ့အသစ်ကို နှစ်ခါတူအောင်ရိုက်ထည့်ပေးပါ။ ပြီးရင်တော့ OK ပါပြီ ( ပုံ - ၆ )
  • ပြီးရင် SettingsMi Account ထဲပြန်ဝင်ပါ။ Password လာတောင်းနေပါလိမ့်မယ်။ Password အသစ်ကိုထည့် ပေးလိုက်ပါ။ အဆင်ပြေပါပြီ။

Mi Account Password မမှတ်မိတော့ရင် Password Reset လုပ်ရန်…

ကိုယ့် Mi Account Password မေ့သွားတယ်။ သို့သော် Account လုပ်ခဲ့တဲ့ email or ph no ကိုသိနေတယ် ဆိုရင် အလွယ် Password ကို Reset လုပ်လို့ ချိန်းထားလိုက်နိုင်ပါတယ်။
  • ထုံးစံအတိုင်း Browser လေးဖွင့်လို့ account.xiaomi.com ကို ၀င်မယ်ပေါ့ ( ပုံ - ၁ )။ သည်တစ်ခါမှတော့ Password မေ့နေပြီဖြစ်လို့ Forgot Password ဆိုတာနှိပ်ပေးပါမယ် ( ပုံ - ၂ )။ ( ပုံ - ၃ ) နေရာမှာတော့ ကိုယ့် Mi Account မှာ email and ph no ထည့်ထားခဲ့ရင် ကြိုက်တာကိုထည့်ပေးနိုင်ပါတယ်။ Ph no ကတော့ လွယ်လွယ် Verify လုပ်ဖို့အဆင်ပြေတာပေါ့။ ပြီးရင်တော့ ထုံးစံအတိုင်း ကိုယ်ထည့်လိုက်တဲ့ email or Ph no ဆီ verify code ပို့ရန်ပေါ့ ( ပုံ - ၄ )
  • စာလိမ်မေးလာတာတွေ စာလုံး ကြီး သေး တူအောင်ထည့် ( ပုံ - ၅ )။ Verify code ပြန်ပို့လာတဲ့ sms ကိုဖတ်။ Email ကိုထည့်ခဲ့လို့ email ဆီ verify code ပြန်ပို့လာရင်လည်း အခုလို Browser မှာ New Tab တစ်ခုလုပ်ပြီး email စစ် ကြည့်ဖို့နည်း အပေါ်မှာတွေပြောပြီးဖြစ်ပါတယ် ( ပုံ - ၆ )။ Code ထည့်ပေးပြီးတာမှန်ရင်တော့ ( ပုံ - ၇ ) အတိုင်း Password အသစ် ထည့်ပေးနိုင်ပါပြီ။
  • Password ချိန်းပြီး 5 seconds အတွင်း Password အသစ်က effect ဖြစ်ပါတယ်။ SettingsMi Account ထဲဝင်ကြည့်ပေါ့..။ Password အသစ်တောင်းလာချိန်မှာ Password အသစ်ကို ထည့်ပေးလိုက်ပါ။



ကိုယ့် Mi Account ID ကဘာလဲ..။ ဘယ်ဖုန်းနံပါတ်နဲ့လုပ်ခဲ့တာလဲ..။ ဘယ် email နဲ့လုပ်ခဲ့တာလဲဆိုတာတွေကို ယခုလိုကြည့်ရှုနိုင်ပါတယ်။ Profile Photo ဆိုတာအောက်က Name ဆိုတာက Xiaomi Forum ထဲဝင်ချိန်မှာ ကိုယ် စားပြုနေတဲ့ Name လေးပါ။ အဲဒါလေးရှိမှ Xiaomi Forum login ၀င်နိုင်ပါတယ်။ login ၀င်မှ သူ့ထဲပေးထားတဲ့ လိုအပ်တဲ့ software တွေ Download နိုင်ပါတယ်။ ဒါကြောင့် မိမိနှစ်သက်ရာ Name လေးပေးထားသင့်ပါတယ်။ Facebook account name ထားသလိုပေါ့။



Factory Reset ချတာပဲဖြစ်ဖြစ်၊ Firmware အသစ်ပြန်တင်တာပဲဖြစ်ဖြစ် Mi Account ကို logout လုပ်ထားပြီးမှ လုပ်ချင်တာကိုလုပ်ရင် ပိုအဆင်ပြေပါတယ်။ Mi Accout logout ထွက်ချင်ရင်…



Mi Account logout ထွက်ရင် ဖုန်းမှာရှိနေတဲ့ Contacts, Messages, Gallery, Call History, Notes, Browser bookmarks… အစရှိသည့် မိမိမှတ်သားသိမ်းဆည်းထားသည်များကို ဖုန်းမှာထားခဲ့မလား ( 1 – Leave), Mi Account ထွက်တာနဲ့ ဖျက်ပစ်လိုက်မလား ( 2 – Remove )၊ ဆိုတာ မေးပါမယ်။ မိမိနှစ်သက်ရာ ရွေးချယ်နိုင် ပါတယ်။ ( 1 – Leave ) ဖုန်းထဲမှာထားခဲ့မယ် ဆိုရင် နောက် Mi Account အသစ်တစ်ခု ကိုယ့်ဖုန်းမှာထည့်သုံးရင် ကိုယ့် Mi Account အသစ်ထဲမှာ ဖုန်းထဲက Mi account data တွေ အကုန်သိမ်းထားပြီးသား ဖြစ်တာပေါ့။ သူတစ်ပါးကို ဖုန်းရောင်းတာ၊ ပေးလိုက်ချင်တာဆိုရင်တော့ ( 2 – Remove ) က အကုန်ရှင်းပြီးသားဖြစ်တာပေါ့။ Sign Out ထွက်လိုက်တဲ့ Mi Account မှာတော့ အဲသည် Data တွေက Mi Cloud မှာကျန်နေမှာပါ။ မပျက်ပါ။ နောင်အခါ ဘယ် Mi Phone မှာမဆို ကိုယ့် Mi Account ၀င်သုံးတိုင်း Sync လုပ်ပြီး ပြန်ရမှာပါ။

Option 1 or 2 ရွေးပေးပြီးရင်တော့ ကိုယ့် Mi Account Password လာမေးပါမယ်။ ထည့်ပေးပြီး OK လိုက်ရင်တော့ Mi Account sign out ပြီး ဖြစ်ပါပြီ။



Mi Account တစ်ခုဟာ Device 10 ခုထိ Login ၀င်ထားပြီး အသုံးပြုနိုင်ပါတယ်။ ကိုယ့် Mi Account မှာရှိ နေတဲ့ Data တွေ ( Call logs, Contacts, Gallery, etc… ) က ဘယ်ဖုန်းမှာမဆို တူ တူဖြစ်နေနိုင်တာပေါ့။ ရံဖန်ရံ ခါ မိမိ Mi Account နဲ့ မိမိသူငယ်ချင်းဖြစ်သူတွေရဲ့ Mi Phone တွေမှာ login ၀င်ပြီး Font တွေဒေါင်းပေးတာ အစရှိ သည်တို့ကို လိုက်လုပ်ပေးရင်း သူတို့ဖုန်းမှနေ Account Sign Out လုပ်ခဲ့သော်လည်း ကိုယ့် Mi Account မှာ Device list က တစ်ခုတိုးသွားပါပြီ။ အဲဒါကြောင့် ကြာလာရင် ဖုန်းအသစ်တွေမှာ Login ၀င်သုံးရင် Device Exceed ဖြစ်နေပါပြီဆိုတဲ့ Error ပြပြီး Mi Account နဲ့ပတ်သက်တဲ့ အရာများကို ဘာမှသုံးလို့မရဖြစ်တတ်ပါတယ်။ အဲသည် အခါမှာတော့ ကိုယ့် Mi Account ထဲမှာ ကိုယ်အသုံးမပြုတော့တဲ့၊ ကိုယ်နဲ့မသက်ဆိုင်တဲ့ Device တွေကို သွားဖျက်ပေး နိုင်ပါတယ်။ အောက်ပါပုံများကိုကြည့်ပြီး ကိုယ့် Mi Account ထဲမှာ Mi Device ဘယ်နှစ်ခု ၀င်နေတယ်၊ ဘယ်လို ဖျက်တယ်ဆိုတာတွေကို လေ့လာပါ။





အခုလောက်ဆိုရင် Mi Account နဲ့ပတ်သက်ပြီး ကိုယ်တိုင် Mi Account အသစ်တစ်ခုလုပ်တတ်ပြီ၊ ရှိထားသင့်တဲ့ information တွေ ထည့်တာ၊ ပြင်တာတွေ လုပ်တတ်ပြီလို့ ယူဆပါတယ်။ Mi Account Password မမေ့ပါစေနဲ့။ Mi Account ID, account လုပ်ခဲ့တဲ့ email, Phone no, email ရဲ့ password တွေ မမေ့ပါစေနဲ့။ သေချာမှတ်သား ပေးထားပါ။

MIUI Fans များ ရွှင်လန်းချမ်းမြေ့ပါစေ......။
Credit to - Original


ခင်မင်လျှက်
ကျိုင်းခမောက်သားလေး

www.kyaingkhamauktharlay.blogspot.com

Software and Firmware Welcome From My page..... မင်္ဂလာပါခင်ဗျာ..... ကျွန်တော်တို့ မြန်မာစီစီကန်အသုံးပြုသူ ညီအစ်ကိုများ ဆုံဆည...