Monday, June 19, 2017

Using Mi Cloud

Using Mi Cloud ( Part - 2 : Data Sync & Backup )

Mi Account တစ်ခုလုပ်ပြီး Mi Account နဲ့ပတ်သက်လို့ ဘာတွေလုပ်လို့ရတယ်ဆိုတာကို ( Part 1 : Find Device ) မှာ ဖုန်းကို Mi Cloud Site မှာရှာကြည့်တာတွေ၊ Screen Lock Password မေ့လို့ Factory ချတာတွေ၊ ဖုန်းပျောက်ချိန် ဖုန်းကို သူများသုံး လို့မရအောင် Lock ချလိုက်တာတွေ ပြောခဲ့ပါတယ်။ ပထမပိုင်းကို [ သည်နေရာမှာ ] လေ့လာနိုင်ပါတယ်။

အခု ဒုတိယပိုင်းမှာတော့ ကိုယ့် Mi Account နဲ့ပတ်သက်ပြီး ဘယ် data တွေကို ဘယ်လို sync လုပ်တာ၊ ဘယ်လိုပုံစံတွေ sync တာ၊ ဘယ်အပိုင်းတွေကို Backup လုပ်တယ်၊ ဘယ်လိုပြန် Restore နိုင်တယ်၊ အစရှိသည်တို့ကို ရှင်းပြထားပါတယ်။



ကိုယ့်ဖုန်းထဲက Data တွေကို Sync လုပ်မယ်.. မလုပ်ဘူးဆိုတာကို အဓိက ထိန်းချုပ်ပေးတာကတော့ အောက်ဖော်ပြပါပုံက Setting ပါပဲ။

  • (1) ကတော့ Mi Cloud ထဲကို data တွေ sync လုပ်မယ်၊ မလုပ်ဖူးပေါ့။ OFF ထားရင်တော့ Mi Cloud ထဲမှာ ကိုယ့် Mi Account Data ဘာတစ်ခုမှ Sync မလုပ်တော့ပါဘူး။ Mi Accont login ၀င်ထားလို့ Themes, Fonts, အစရှိတွေ ဒေါင်းသုံးလို့ရနေမယ်။ Designer Account လုပ်ထားရင် ကိုယ်ပိုင် Themes, Fonts တွေ သုံးလို့ရနေမယ်။ Contacts, Call logs, Gallery, Messages စတာတွေကိုပဲ sync လုပ်သိမ်းတာကို မလုပ်တာပါ။
  • (2) ကတော့ Sync လုပ်ဖို့ အရာမှန်သမျှ WiFi နဲ့ချိတ်ချိန်မှာသာ လုပ်မှာပါ။ Mobile data ဖွင့်သုံးချိန်မှာ ဘာတစ်ခုမှ လုပ်မှာမဟုတ်ပါ။


ကဲ.. ကိုယ့် data တွေသိမ်းမယ်.. ကိုယ့် data တွေ သိမ်းပေးသွားမယ်လို့ ပြောပြောနေကြတာ ဘာတွေကို သိမ်းပေးမှာလဲ ဆိုတာတွေ ကို လေ့လာကြည့်ရအောင်…။ Mi Cloud ထဲမှာ သိမ်းပေးထားမယ့် ကိုယ့်ဖုန်းက data တွေဆိုတာကတော့ အောက်ဖော်ပြပါ ပုံမှာပါတဲ့ အကြောင်းအရာတွေပါပဲ…။


သိမ်းပေးမယ့်အရာတွေနဲ့ပတ်သက်ပြီး သူတို့နဲ့ပတ်သက်တဲ့ Default Setting Behavior တွေအကြောင်း လေ့လာကြည့် ရအောင်။

(1) Contacts

Mi Account Sign In ၀င်ထားပြီးသုံးနေပြီဆိုရင် ကိုယ့်ဖုန်းထဲမှာမှတ်ထားတဲ့ contacts တွေကို ဖုန်း file system ထဲက contact database ထဲမှာလည်း သိမ်းသလို အဲသည် contact list တွေကို Mi Cloud Storage ထဲမှာလည်း အင်တာနက်ဖွင့်သုံးချိန်မှာ အပြောင်းအလဲရှိတဲ့ contacts တွေကို Sync လုပ်ပီး သိမ်းထားပေးပါတယ်။ ဖုန်း Firmware အသစ်ပြန်တင်ပြီးချိန်၊ Factory Reset ချပြီးချိန်တွေမှာ ကိုယ့် Mi Account Sign In ပြန်ဝင်လိုက်တာနဲ့ ကိုယ်အရင် မှတ်ထားတဲ့ contacts တွေဟာ ကိုယ့်ဖုန်းထဲပြန်ဝင်လာမှာပါ။

ပုံထဲက Contacts ဆိုတာကို ဆက်နှိပ်ကြည့်ရင် ခုလိုပုံတွေ့ရမှာပါ။


  • Option (1) ကတော့ contacts တွေကို Sync လုပ်မယ်။ မလုပ်ဘူးဆိုတာကို ON / OFF လုပ်ပေး ထားပါ။ အဓိပ္ပာယ်ကတော့ ရှင်းပါတယ်။ ON ထားရင် အင်တာနက်ဖွင့်သုံးချိန် Contacts တွေကို Sync လုပ်မယ်.. OFF ထားရင် Mi Cloud ထဲ Sync လုပ်တဲ့ လုပ်ငန်းမှာ Contacts မပါတော့ဘူးပေါ့။
  • Option (2) ကတော့ .. ကိုယ့် contacts ထဲမှာ ဓါတ်ပုံ လေးတွေပါ ထည့်ထားလေ့ရှိပါတယ်။ Incoming call ၀င်လာရင် Contact ရဲ့ Full Screen Photo လေးမြင်နေရတာပေါ့။ အဲသည် Photo လေးတွေကို WiFi နဲ့အင်တာနက်ချိတ်သုံးချိန် မှသာ Sync လုပ်မယ်လို့ဆိုလိုတာပါ။ ကိုယ်က Mobile နဲ့ပဲ အင်တာနက်သုံးလေ့ရှိတယ်။ ကိုယ့် contact photo တွေကိုလည်း Mi Cloud မှာ Sync လုပ်သိမ်းစေချင်ရင် သည်နေရာမှာ OFF ပေါ့။

(2) Messages

Messaging app ကနေပို့ထားတဲ့၊ ကိုယ့်ဖုန်းဆီကို ၀င်ထားတဲ့ SMS တွေကို သိမ်းပေးထားတာပါ။ Default Behavior ကတော့ရှင်းပါတယ်။ (A)(B) ကတော့ သက်ဆိုင်ရာ sim တွေဆီ ၀င်၊ထွက် msg တွေကို သိမ်းဖို့ ON ထားတာပါ။ (C) ကတော့ MMS တွေပို့ရင် msg မှာပါတဲ့ Photo, Video, Sound တွေကို WiFi နဲ့ အင်တာနက်သုံးချိန်မှာ Sync မယ်လို့ ဆိုလိုတာပါ။ ယခု မြန်မာပြည်မှာ MMS သုံးလို့မရသေးတော့ သည်ဟာနဲ့ပတ်သက်တဲ့ Effect ကို ထူးထွေ တွေ့ရအုံးမှာ မဟုတ်ပါဘူး။


(3) Gallery

ကိုယ့်ဖုန်း Gallery ထဲမှာရှိနေတဲ့ Photo, Videos တွေကို Sync ပေးတာပါ။ File Location အနေနဲ့ကတော့ Phone Storage အောက်မှာ DCIM ဆိုတဲ့ Folder ရှိပါတယ်။ အဲသည်အောက်မှာထည့်ထားတဲ့ Photos, Videos တွေကို Sync လုပ်တာပါ။ Phone Storage အခြားနေရာတွေမှာသိမ်းထားတဲ့ Photo, Video တွေကတော့ Mi Cloud မှာ Sync လုပ်ဖို့ မသတ်မှတ်ပါ။ အဲသည် Behavior Setting ကိုတော့ Gallery ထဲက သက်ဆိုင်ရာ Album မှာ ပြင်ဆင်ပေး ထားနိုင်ပါတယ်။ Gallery ရဲ့ Default Sync Behavior ကိုလေ့လာကြည့်ရအောင်….။


  • A - ကတော့ အင်တာနက်ချိတ်တဲ့အချိန် Gallery contents တွေကို Sync လုပ်မှာပါ။ မလုပ်ချင်ရင် တော့ OFF ထားပေါ့။
  • B - ကတော့ Gallery ကို Sync လုပ်ဖို့ WiFi နဲ့ အင်တာနက်ချိတ်မှ Sync လုပ်တာပါ။ Photo, Video တွေက size ကြီးတော့ mobile data ကို ချွေတာတဲ့သဘောပေါ့။ ကိုယ့်အနေနဲ့ အမြဲ sync ချင်ရင်တော့ အဲသည် option ကို OFF ထားနိုင်ပါ တယ်။
  • C - ကတော့ photo တွေအကုန် Mi Cloud လို့ အောင်မြင်စွာ Sync ပြီးရင် ဖုန်း Storage ထဲမှာဖျက်လိုက်ပြီး Thumbnails လောက်ပဲ လာပြပေးမှာပါ။ ဖုန်း Storage ကို ချွေတာထားတဲ့ သဘောပေါ့။ Thumbnails ကိုနှိပ်၊ ပြန် download မှပဲ ပုံအကြီးကို ဖုန်းထဲမှာ ပြန်ရမှာပါ။ Default ကတော့ OFF ပါ။

(4) Notes

Notes နဲ့ပတ်သက်ပြီးတော့ကတော့ ထူးထွေမရှိပါ။ Sync လုပ်သိမ်းမယ့်ထဲမှာ ကိုယ်မှတ်ထားတဲ့ Notes တွေ ကိုပါသိမ်းမယ်။ မသိမ်းဘူး ဆိုတာလေး ပြောပေးထားရုံသက်သက်ပါ။ Default ကတော့ ON ထားပါတယ်။

(5) Other Syncing Items

သည်အောက်မှာကတော့ တော်တော်များများက sync မယ်.. မ sync ဘူး… ဆိုတဲ့ ON/OFF ပါပဲ။


ကိုယ့်ဖုန်းနဲ့ WiFi တွေချိတ်ခဲ့မယ်.. အဲသည် WiFi တွေရဲ့ နာမည်၊ Password တွေကို sync လုပ်ပြီးသိမ်းပေးထားပါ တယ်။ Calendar မှာ ရေးမှတ်ခဲ့တဲ့ Notes တွေ၊ Schedule တွေကို သိမ်းပေးထား ပါတယ်။ Browser မှာမှတ်ထားခဲ့တဲ့ Bookmarks တွေ၊ Home Page settings တွေ၊ အခြားသော Browser settings တွေကို သိမ်းပေးထားပါတယ်။ ဖုန်းမှာပါ တဲ့ Default Browser အတွက်ပါ။ ကိုယ်မှတ်ထားခဲ့တဲ့ Call, SMS အတွက် Block list numbers တွေကို သိမ်းပေးထားပါ တယ်။

Call History မှာတော့ သက်ဆိုင်ရာ sim card တွေဆီ အ၀င်၊ အထွက် call logs တွေအကုန်မှတ်ထားပေးတာပါ။ Call Recorder ကတော့ ကိုယ် record လုပ်ခဲ့တဲ့ call တွေရဲ့ အသံ file ကို သိမ်းပေးတာပါ။ သည်ဟာရဲ့ default ကတော့ WiFi နဲ့ချိတ်မှပဲ sync လုပ်ပါတယ်။

ဒါတွေအားလုံးဟာ ဖုန်းအသစ်ဝယ်လို့ဖြစ်စေ၊ Firmware ပြန်တင်လို့ဖြစ်စေ၊ Factory Reset ချပြီးလို့ဖြစ်စေ အဲသည်ဖုန်းမှာ ကိုယ့် Mi Account ပြန်ပြီး Sign In ၀င်တာနဲ့ သည် information တွေ အကုန် sync လုပ်ပြီး ပြန်ဝင်လာမှာပါပဲ။

(6) Back Up Device

သည်ဟာကတော့ ဖုန်းမှာထည့်ထားတဲ့ app တွေ၊ Settings ထဲမှာ ၀င်ပြင်ထားပေးတဲ့ အရာတွေ (ဥပမာ Ring Volume အတိုးအကျယ် စသည်ဖြင့်ပေါ့)၊ အဲဒါတွေကို Mi Cloud မှာသိမ်းပေးထားတာပါ။ Backup လုပ်တာကတော့ WiFi နဲ့ အင်တာ နက်ချိတ်မှပါ။ Mobile နဲ့ဆိုရင် Backup Behavior တွေအလုပ်မလုပ်ပါ။

  • (A) - Default Setting ကတော့ Mi Cloud Backup ကို ON ထားပါတယ်။
  • (B) - Back up Now ဆိုရင် ချက်ချင်း Backup လုပ်ပေးပါတယ်။ နောက်ဆုံးလုပ်ခဲ့တဲ့ Backup Data / Time ကိုပြနေမှာပါ။
  • (C) - Back up လုပ်မယ့် Frequency ကို ပြင်ပေးနိုင်ပါတယ်။ Default ကတော့ တစ်ပတ် တစ်ကြိမ်လုပ်ပါတယ်။ နောက်ပြင်နိုင်တာတစ်ခုကတော့ တစ်ရက် တစ်ကြိမ်လုပ်ခိုင်းတာပါ။
  • (D) - Manage Backup ထဲမှာကတော့ ကိုယ့် Mi Account နဲ့ backup လုပ်ခဲ့တဲ့ Device တွေဆီက backup file စာရင်းပြနေမှာပါ။ ပုံမှန်ကတော့ တစ်ခုပဲတွေ့မှာပါ။ ကိုယ့် Account နဲ့ ဖုန်းနှစ်လုံးမှာ ပြိုင်တူထည့်ထားသုံးနေရင် တော့ Backup list နှစ်ခုတွေ့နိုင်ပါတယ်။ အဲသည် ထဲမှ မိမိမလိုအပ်တဲ့ backup ကို ဖျက်တာတွေ လုပ်လို့ရပါတယ်။


Back Up Device အောက်မှာတော့ Restore from backup ဆိုတာလေးနှိပ်ဝင်ရင်တော့ ကိုယ့် Mi Account နဲ့ ချိတ်ဆက်လုပ်ထားတဲ့ Backup တွေကို တွေ့ရပါမယ်။ ကိုယ့် Account ဟာ Mi Phone သုံးလုံးမှာ Sign In ၀င်သုံးထား ရင် Backup သုံးခု ရှိနေနိုင်မယ်ပေါ့။ အဓိကလုပ်ဖြစ်မယ့်အရာကတော့ ကိုယ့်ဖုန်းနဲ့ ပတ်သက်တဲ့ backup ကိုပဲ ပြန် restore လုပ်ကြတာပေါ့။ Backup name မှာ Phone model လေးပါပါတယ်။




နောက်ဆုံးအနေနဲ့ Mi Cloud ကို အသုံးပြုတာကတော့ Mi Cloud Web Site ထဲကို ၀င်ပြိး အသုံးချတာပါပဲ။ Mi Cloud Site ကတော့ ကွန်ပျူတာကနေ Browser နဲ့ဖွင့်ပြီး အသုံးချတာ ပိုအဆင်ပြေပါတယ်။ Browser address bar မှာ http://i.mi.com လို့ရိုက်ဝင်ပါ။ ကိုယ့် Mi Account ရဲ့ email or ph no နဲ့ login ၀င်ပါ။



Part 1 မှာတုံးက ပြောခဲ့ပါတယ်။ Mi Cloud Site ကို ၀င်သုံးဖို့ ကိုယ့် Mi Account မှာ Phone No ပါ ထည့်ထားပေးရမယ်ဆိုတာပါ။ ဒုတိယအကြိမ် Sign In ဆိုတာ နှိပ်ပြီး ၀င်ပေးရပါမယ်။ Mi Account ထဲက ဖုန်းနံပါတ်ကို verify sms code ပို့ပြီး verify လုပ်ပါလိမ့်မယ်။ ဖုန်းနံပါတ်ကို Mi Account ထဲမှာ ထည့်မပေးထားရသေးရင်တော့ သည်နေရာမှာ လာထည့်ခိုင်းပါလိမ့်မယ်။ ထည့်ပေးလိုက်နိုင်ပါတယ်။



Mi Cloud Site ထဲအဓိက၀င်သုံးဖြစ်တဲ့ အကြောင်းကတော့ Find Device feature ကိုအသုံးပြုချင်တာပါ။ Part – 1 မှာ လေ့လာ နိုင်ပါတယ်။ နောက်တစ်ခုကတော့ အကြောင်းအမျိုးမျိုးကြောင့် ဖုန်း Gallery ထဲကို Sync မလုပ်နိုင်တဲ့ Photos တွေကို သည်နေ ရာမှာ Full Image အနေနဲ့ပြန်ပြီး Download လုပ်နိုင်ပါတယ်။ Call logs တွေကို ၀င်ဖျက်ပစ်နိုင်ပါတယ်။ ကျန်တာတွေကတော့ ဖုန်းထဲမှာ Mi Cloud တွေဖြစ်တဲ့ Contacts, SMS, Notes, etc… တွေကို manage လုပ်နေတာနဲ့တူတူပါပဲ။



Mi Cloud အကြောင်း Part -1, Part -2 ဆိုလျှင် Mi Account တစ်ခုလုပ်ပြီး အသုံးချလို့ရတဲ့ Mi Cloud ရဲ့ Features တွေကို အတော်လေးစုံစုံလင်လင် သိရှိနားလည်နိုင်ပြီလို့ ယူဆပါတယ်။


MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ…။

Wednesday, December 21, 2016


Using Mi Cloud ( PART - 1 : Find Device )

Mi Account login ၀င်တာနဲ့ စစချင်း Box တစ်ခုတက်လာတာ သတိထားမိမှပါ။ အဲဒါကတော့ Xiaomi ရဲ့ Cloud Storage ထဲမှာ ကိုယ်ရတဲ့ Storage Quota မှာ ဘာတွေကိုသိမ်းထားမယ်၊ ( 5GB storage ပမာဏကို Free ပေးပါ တယ် ) အခြားသော ဘယ် Features တွေကိုသုံးမယ်.. စတာတွေကို မေးတာပါ။ Default အနေနဲ့ကတော့ Options သုံးခုလုံး ON နေတာတွေ့ရမှာပါ။


  • Sync ဆိုတာကတော့ ကိုယ်မှတ်ထားတဲ့ Contacts တွေ၊ Phone call logs တွေ၊ Gallery ထဲက Photos, Videos တွေ၊ Ph Call recordings တွေ၊ ရေးမှတ်ထား တဲ့ Notes တွေ၊ ကိုယ်ချိတ်ခဲ့တဲ့ Wifi တွေရဲ့ Passwords တွေ၊ Browser’s Book marks တွေကို သိမ်းမယ်၊ မသိမ်းဘူး ( ON/OFF ) ထားပေးတာပါ။
  • Find Device ကတော့ ဖုန်းပျောက်ရင် Location ရှာတာ၊ ဖုန်းကို Lock ချလိုက် တာ၊ ဖုန်းထဲက Data တွေကို ဖျက်ပစ် ( Wipe ) လိုက်တာ စသည်တို့ကို Online မှတစ်ဆင့်လုပ်နိုင်ပါတယ်။ Pattern / Pin / Password တွေမသိတော့ရင် Online မှတစ်ဆင့် ဖုန်းကို Wipe လုပ်ပြီး ပြန်ဖျက်တာလုပ်နိုင်ဖို့ သည်ဟာကို ON ထားပေးရပါတယ်။ ဖုန်းပျောက်လို့ Lock ချလိုက်ရင်လည်း ဖုန်းဟာ Mi Account Lock မိသွားလို့ အလွယ်တကူ Firmware တင်ပြီး သုံးလိုက်နိုင်တာမျိုးတွေ မလုပ်နိုင်တော့ပါဘူး။
  • Mi Message ကတော့ အရှင်းဆုံးပြောရရင် Viber သဘောပါပဲ။ Online ဖြစ်နေ ချိန်မှာပဲ သုံးနိုင်မှာပါ။ နှစ်ဖက်လုံး Mi Account ရှိထားရပါမယ်။ Viber, FB Messenger တို့နဲ့ စာတွေပုံတွေပုံစံနဲ့ တူတူပါပဲ။ ကိုယ် online ဖြစ်ချိန်ပို့..၊ တစ်ဖက်က online ဖြစ်ချိန် မြင်…၊ အဲသည်သဘောပါပဲ။



ပထမဆုံး Find Device အကြောင်းအရင်ပြောပြပါမယ်။ Find Device feature ကို အသုံးချဖို့ Mi Cloud Web Site ထဲကို ၀င်သုံးရပါတယ်။ Feature ပေါင်းစုံ အလွယ်သုံးလို့လွယ်အောင် Computer Browser မှာ သုံးရင်ပိုအဆင်ပြေပါတယ်။ ဖုန်း Browser မှာလည်း အဆင်ပြေပါတယ်။ Navigation အတွက် Screen သေးတာလေးတစ်ခုပါပဲ..။

  • Browser ကိုဖွင့်ပါ။ Address bar မှာ i.mi.com လို့ရိုက်ဝင်ပါ။ Sign in with Mi Account button ကိုနှိပ်ပါ။

  • မိမိ Mi Account ရဲ့ email or ph no ထည့်၊ Password ထည့်ပြီး login ၀င်ပါ။

  • ကိုယ့် Mi Account ဟာ တစ်ခါမှ Mi Cloud ထဲဝင်မသုံးဘူးရင် နောက်တစ်ကြိမ် Sign In ၀င်ဖို့လုပ်ရပါမယ်။ Mi Account မှာထည့်ထားတဲ့ Ph no ဆီ verify sms code ကိုပို့ပါ တယ်။ ပြန်ဖြည့်ပေးပြီး ၀င်ရပါတယ်။ Mi Account မှာ ဖုန်းနံပါတ်မထည့်ထားရင် သည်နေရာမှာထည့်ခိုင်းပါတယ်။ ( Using Mi Account ထဲက procedure အတိုင်း လုပ်ရပါတယ် )။

  • Mi Account ထဲရှိဖုန်းနံပါတ်ကို SMS ပို့ဖို့ပြောပါမယ်။ ပို့ပေးတဲ့ SMS verify code ကိုပြန်ထည့်ပေးရပါတယ်။ ၄င်းအဆင့်များပြီးရင်တော့ Mi Cloud ကို အသုံးပြုနိုင်ပါပြီ။ Mi Account မှာ ဖုန်းနံပါတ်ထည့်မပေးရင် Mi Cloud ကို အသုံးပြုခွင့်မပေးပါ။


  • SMS verify code ပြန်ထည့်ပေးပြီးရင်တော့ Mi Cloud ကို စတင်အသုံးပြုနိုင်ပါပြီ။



Find Device အသုံးပြုပုံ



Screen အောက်ခြေမှာမြင်နေရတဲ့

  • Locate Device ကတော့ဖုန်းတည်နေရာကို ရှာခိုင်းတာပါ။ ဖုန်းက Online ဖြစ်နေချိန် GPS ပါ Auto ပွင့်ပြီး Google Map မှာ တည်နေရာပေါ်လာပါမယ်။ ရှာချိန်မြန်ဆန်ပါတယ်။ Online မဖြစ်ချိန် Text SMS ပို့ခိုင်းပြီးလည်း ရှာကြည့်နိုင်ပါတယ်။ တွေ့ရှိချိန်ကတော့ ကြာနိုင်ပါတယ်။
  • Noise ကတော့ ဖုန်း အထားမှားခဲ့ရင် Alarm ပေးခိုင်းခြင်းဖြင့် ဖုန်းကို ပြန်ရှာနိုင်ပါတယ်။
  • Lost Mode ကတော့ ဖုန်းပျောက်ခဲ့ရင် ပြန်ပို့ပေးရန်၊ ဖုန်းနံ ပါတ် အစရှိသည့် Text များရိုက်ပြီး ဖုန်းကို Lock ချလိုက်တာပါ။ Mi Account မသိရင် ဖွင့်လို့မရတော့သလို Firmware ပြန်တင်ခြင်း၊ Recovery ပါသောဖုန်းများမှာ Wipe Data လုပ်ပစ်ခြင်း၊ စသည်တို့လုပ်သော်လည်း ဖုန်းကို အလွယ်ပြန်သုံးလို့မရတော့ပါ။ ဖုန်း online ဖြစ်ချိန်မှာ သူ့အလိုလို lock ကျပါတယ်။
  • Wipe Data ကတော့ ဖုန်းထဲရှိ မိမိ Data များကို ဖျက်ပစ်လိုက်ခြင်းပါ။ Factory Reset နှင့်တူတူပါပဲ။ အဓိက သုံးနိုင်တာကတော့ Pattern / PIN / Password တို့မေ့ခဲ့ရင် အခြား Computer၊ Phone browser မှာ ယခုကဲ့သို့ Mi Cloud Web site သို့ ၀င်ပြီး ဖျက်ပစ်လိုက်နိုင်ပါတယ်။ Pattern / PIN / Password မေ့နေတဲ့ဖုန်းကို ဖွင့်ထားပေး၊ Noti Bar ဆွဲချ၊ အင်တာနက်ဖွင့်ပေးထားပြီး မိမိက အခြားတစ်နေရာမှ Locate လုပ်ပြီး Wipe Device command ကိုပေးလိုက်နိုင်ပါတယ်။ Boot loader ကလည်း lock ဖြစ်နေပြီး Fastboot mode ကနေ TWRP မ သွင်းနိုင်တဲ့ ဖုန်းများအတွက် ယခုကဲ့သို့ Data Partition ကို Wipe လုပ်ပစ်ခြင်းသည်သာ Screen Lock password မေ့တာတွေကို ပြန်ဖျက်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါ။ ဖုန်းပျောက်သွားချိန် မိမိ Data တွေဖျက်ပစ်ချင် လည်း သည်နည်းပဲပေါ့…။




Find Device ON / OFF ကို သည်နေရာမှာဝင်လုပ်နိုင်ပါတယ်။ ON ထားရင် အထက်တွင် ဖော်ပြခဲ့သော Feature အကုန်ကို အသုံးပြုနိုင်ပါတယ်။


တစ်ခါတရံ Mi Account password မေ့ခဲ့တယ်။ Password recovery လုပ်ဖို့ email, ph no တို့လည်း မသိခဲ့ချိန် မှာ အခု Find Device နေရာကြည့်ကြည့်ပြီး OFF ထားတာမြင်ရင် Factory Reset ချတာ၊ Fastboot ROM တင်တာတွေလုပ်နိုင်ပါတယ်။ Mi Account Lock မကျပါ။ Mi Account အသစ်လုပ်ပြီး ထည့်သုံးနိုင်ပါတယ်။ Find Device က ON အချိန်မှာ switch လေး အလွယ် ON လိုက်နိုင်ပြီး OFF ချင်ရင်တော့ Mi Account Password ကို မှန်ကန်စွာထည့်ပေးမှသာ OFF နိုင်ပါတယ်။

ယခုဆိုလျှင် Mi Cloud Web Site ထဲကိုဝင်ပြီး Find Device feature ကို အသုံးပြုနည်းကို နားလည်လောက်ပါပြီ။ မိမိဥာဏ်ရှိသလိုကွန့်လို့ အသုံးပြုနိုင်ပါသည်။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ။
Credit to - Original 

ခင်မင်လျှက်
ကျိုင်းခမောက်သားလေး

www.kyaingkhamauktharlay.blogspot.com

No comments:

Post a Comment

Software and Firmware Welcome From My page..... မင်္ဂလာပါခင်ဗျာ..... ကျွန်တော်တို့ မြန်မာစီစီကန်အသုံးပြုသူ ညီအစ်ကိုများ ဆုံဆည...